အီလွန်မက်စ်ခ်က တက်ဆလာရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံထားတဲ့ . . . လူတွေနဲ့ ပိုဆင်ပြီး လူပိုဆန်တဲ့ စက်ရုပ်မော်ဒယ်တွေကို မကြာခင် နှစ်ပိုင်းထဲတင် ဈေးကွက်ပေါ် တင်ရောင်းနိုင်တော့မယ်လို့ ပြောလိုက်ပါတယ်။

လာမဲ့နှစ်ကစလို့ Optimus အမည်ရတဲ့ စက်ရုပ်မော်ဒယ်တစ်မျိုးကို ပမာဏနည်းနည်း စမ်းထုတ်ရင်း ကုမ္ပဏီအတွက် သုံးကြည့်နှင့်မယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က အီလွန်မက်စ်က သူ့ရဲ့ X (အရင် တွစ်တာ) ပေါ်မှာ ပြောတာပါ။

'အခြေအနေကောင်းရင်တော့ တခြားကုမ္ပဏီတွေမှာ သုံးနိုင်ဖို့အတွက် ၂၀၂၆ မတိုင်ခင်မှာ ပမာဏများများ ထုတ်ဖြစ်မယ်' လို့ သူက ဆက်ပြောပါတယ်။

သဘာဝအရင်းအမြစ်တွေ မပြုန်းတီးစေဖို့ သန့်စင်စွမ်းအင်နည်းပညာသုံးပြီး လျှပ်စစ်ကားတွေ ထုတ်တဲ့ တက်စလာကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက စက်ရုပ်တွေ ထုတ်လုပ်နိုင်ဖို့ အကောင်အထည်ဖော် လုံးပန်းနေကြတာပါ။ ဘက်စုံ၊ ကဏ္ဍစုံမှာ သုံးနိုင်၊ ခြေနှစ်ဖက်တည်းနဲ့ ပဲ့ထိန်းသွားလာနိုင်ပြီး လူသားလုပ်သားတွေအတွက် အန္တရာယ်များတဲ့ . . . ထပ်ခါတလဲလဲလုပ်ရမဲ့ ငြီးငွေ့စရာ လုပ်ငန်းဆောင်တာတွေကို ဒီစက်ရုပ်တွေနဲ့ အစားထိုး ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အီလွန်က သူ့ရဲ့ Optimus စက်ရုပ် ရှေ့ပြေးမော်ဒယ်ကို ပထမဆုံးအကြိမ် ချပြလိုက်ပါတယ်။ အဲဒီမော်ဒယ်ကိုတော့ လူတွေရဲ့ အသွင်သဏ္ဍာန်နဲ့ အနီးစပ်ဆုံးတူညီအောင် ဒီဇိုင်းဆွဲ ဖန်တီးထားတာပါ။ ဒီမော်ဒယ်နဲ့အတူ ထွက်လာတဲ့ တက်စလာရဲ့ ပထမမျိုးဆက် စက်ရုပ်တွေကတော့ လမ်းလျှောက်တာ၊ လူတွေကို လက်ယမ်းပြတာလိုမျိုး အခြေခံလှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်ပါပြီ။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ဆက်ထွက်လာတဲ့ Optimus နောက်မျိုးဆက်စက်ရုပ်တွေမှာတော့ ဒီဇိုင်းပိုင်း ပိုအဆင်ပြေလာပြီး အဆင့်မြင့်တဲ့ အာရုံခံစနစ်တွေ၊ လုပ်ဆောင်နိုင်စွမ်းတွေ ရှိလာပါတယ်။ အောက်က ပုံမှာဆိုရင် ဒီစက်ရုပ်က ကြက်ဥတစ်လုံးကို ကောက်ကိုင်ပြပြီး အထိအခိုက်မဖြစ်စေဘဲနဲ့ သူ့မူလနေရာကို ပြန်ထားနိုင်တဲ့ လယ်ဗယ်ရောက်လာတာပါ။ လာမဲ့ ၂၀၂၆ မှာ ထုတ်ဖြစ်ရင်တော့ အဲဒီထက် အဆအများကြီး ပိုအဆင့်မြင့်တဲ့ မျိုးဆက်ကို မြင်ရမယ်လို့ ဆိုပါတယ်။

Gen 2 Optimus Telsa Robot (Image - Telsa. inc)

အခုလို စက်ရုပ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေက အသစ်အဆန်းတော့ မဟုတ်တော့ပါဘူး။ အများစုကတော့ အီလွန်တစ်ယောက် ခါတိုင်းလိုပဲ မျှော်လင့်ချက်တွေ လာပေးနေတာလို့ ထင်ကြေးပေးကြတာပါ။ ၂၀၁၇ ခုနှစ်တုန်းက ဝါရှင်တန်ဒီစီကနေ နယူးယော့ခ်ကို မိနစ်ပိုင်းထဲနဲ့ သွားနိုင်အောင် လှိုက်ဂူဖောက်မဲ့ ကိစ္စနဲ့ ၂၀၁၉ တုန်းက ၂၀၂၀ ရောက်တာနဲ့ လမ်းတွေပေါ်မှာ ဒရိုက်ဘာမပါတဲ့ စက်ရုပ်တက္ကစီကားတွေကို မြင်ရမယ်ဆိုတဲ့ ကိစ္စတွေလိုမျိုး အခုစီမံကိန်းကိုလဲ ရေမြောကမ်းတင် မဖြစ်စေဖို့ ဝိုင်းဆုတောင်းကြရမဲ့ ပုံပါ။

Reference: Baio, A. (2024, July 22). Musk announces plans for ‘humanoid robots’ that will soon be available for mass purchase. The Independent. https://www.independent.co.uk/tech/elon-musk-telsa-humanoid-robots-b2584006.html


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!