အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Eli Lilly က ထုတ်လုပ်တဲ့ အယ်လ်ဇိုင်းမားဆေးအသစ် ကို FDA က  ထောက်ခံအတည်ပြုခဲ့တာကို Perplexity AI က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မှတ်ဉာဏ်ကျဆင်းမှုနဲ့  တွေးခေါ်မှုစွမ်းရည်တွေတုံ့ပြန်နိုင်စွမ်း နှေးကွေး မှုတွေကို  ထောက်ပံ့ကူညီပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး  ဒီ အယ်လ်ဇိုင်းမားဆေးအသစ်ကို Eli Lilly ကုမ္ပဏီကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Kisunla အမှတ်တံဆိပ်အမည်ဖြင့် ရောင်းချမယ့်  ဒီ အယ်လ်ဇိုင်းမားဆေးအသစ်ကို အမေရိကန်အခြေစိုက် အစားအသောက်နဲ့  ဆေးဝါးကွပ်ကဲရေးဌာနကအတည်ပြုထောက်ခံပေးခဲ့တာဖြစ်ပါတယ်။

အသေး စား မှတ်ဥာဏ်ချို့ယွင်းမှု ဒါမှ မဟုတ် အယ်လ်ဇိုင်းမားရောဂါ အစောပိုင်းမှာ  အရွယ်ရောက်ပြီးသူတွေ  အသုံးပြုဖို့ အတွက် FDA မှ ထောက်ခံပေးခဲ့တာဖြစ်ပါတယ်

Kisunla က  အယ်လ်ဇိုင်းမားရောဂါ အမှတ်အသားတစ်ခုအဖြစ် ယူဆထားတဲ့  ဦးနှောက်အတွင်းရှိ amyloid ကို ပစ်မှတ်ထားကာ  ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ  အသက် ၆၅ နှစ် နဲ့ အထက် ခန့်မှန်းခြေ လူ ၆.၇ သန်းက  အယ်လ်ဇိုင်းမားရောဂါခံစားနေရတယ်လို့ လေ့လာဆန်းစစ်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

Reference

https://www.perplexity.ai/page/fda-approves-early-alzheimer-s-7s5acRTLTRK_xjxx_NCHTg#:~:text=Significance%20of%20Approval-,FDA%20Approves%20Early%20Alzheimer%27s%20Drug,-Curated%20by

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!