Bloomberg သတင်းဌာနရဲ့ အစီရင်ခံချက်အရ အမေရိကန် တရားရေးဌာနဟာ Google ကုမ္ပဏီနဲ့ ရင်ဆိုင်နေတဲ့ Antitrust အမှုရဲ့ နောက်ဆက်တွဲအနေနဲ့ Chrome ကို ဖိအားပေးရောင်းချခိုင်းနေပြီး တရားရုံးအမိန့်တောင်းခံနေတယ်လို့ သိရပါတယ်။
Antitrust ဆိုတာ နယ်ပယ်တစ်ခုထဲမှာ စိုးမိုးမှုအားကောင်းပြီး ထိပ်ပိုင်းရောက်နေတဲ့ ကုမ္ပဏီကြီးတွေကနေ ဈေးကွက်ကို ချုပ်ကိုင်ချယ်လှယ်တာကို တားမြစ်တဲ့ ဥပဒေရပ် ဖြစ်ပါတယ်။ အင်တာနက် search engine နယ်ပယ်မှာ ထိပ်သီးဖြစ်တဲ့ Google က ပြီးခဲ့တဲ့ နှစ်ကတည်းက ဥရောပသမဂ္ဂအပါအဝင် အမေရိကန်တရားရေးဌာနနဲ့ Antitrust အမှုကို ရင်ဆိုင်နေရတာပါ။ ဥရောပသမဂ္ဂကတော့ လွန်ခဲ့တဲ့ စက်တင်ဘာလက Google ကို ဒဏ်ကြေး ပေါင် ၂.၄ ဘီလျံ ပေးဆောင်ဖို့ အမိန့်ချမှတ်ထားပါပြီ။
လက်ရှိ US ရဲ့ တရားရေးဌာနကလဲ Google ကို အလားတူအမှုနဲ့ပဲ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ Google ကုမ္ပဏီဟာ မမျှတတဲ့ နည်းလမ်းတွေကို သုံးပြီး အင်တာနက်ရှာဖွေရေးနယ်ပယ်ကို စိုးမိုးချယ်လှယ်နေတယ်လို့ စွဲချက်တင်ထားတာပါ။ ဒါ့အပြင် Google ဟာ Apple နဲ့ ပူးပေါင်းပြီး Chrome ကို Safari စနစ်ထဲ ထည့်သွင်းမြှုပ်နှံတာမျိုး လုပ်တာကလဲ ဈေးကွက်ကို ချုပ်ကိုင်ဖို့ ကြိုးစားတယ်လို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရှာဖွေရေးအင်ဂျင်ဈေးကွက်မှာလဲ Google က ဈေးကွက်စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါသေးတယ်။ ဒီလိုအကြောင်းပြချက်တွေကြောင့် US တရားရေးဌာနက Google ကို အဲဒီ ရှာဖွေရေးကွန်ယက်တွေ အားလုံးရဲ့ ရင်းမြစ်တည်ရာ နေရာ Chrome ကို ရောင်းချဖို့နဲ့ Google ရဲ့ ထိန်းချုပ်မှုအောက်မှာ မထားဖို့ အမှုရင်ဆိုင်နေစဉ် ဖိအားပေးအဆိုပြုလာတာပါ။
References: Shibu, S. (2024, November 19). Could Google be forced to sell Chrome? The DOJ is reportedly pushing for it. Entrepreneur. https://www.entrepreneur.com/business-news/the-doj-reportedly-wants-google-to-sell-its-chrome-browser/483137
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia