
တောင်ကိုရီးယား အင်တာနက် အချက်အလက်ကာကွယ် ထိန်းကျောင်းရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံက AI Startup DeepSeek ဟာ TikTok မိခင်ကုမ္ပဏီ ByteDance ဆီ သုံးစွဲသူအချက်အလက်တွေ မျှဝေနေတယ်လို့ သိရပါတယ်။ ဒီကိစ္စကြောင့် အင်တာနက်အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်နေရပြီး အရေးယူပိတ်ပင်မှုတွေ ဆောင်ရွက်နေရတယ်လို့ ဆိုတာပါ။
တောင်ကိုရီးယားက PIPC (ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေးအဖွဲ့) က DeepSeek ချက်ဘော့ဟာ ByteDance နဲ့ အချက်အလက်တွေ ပေးပို့ဆက်သွယ်နေတာကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။ ဒါကြောင့် တောင်ကိုရီးယားမှာ DeepSeek ဒေါင်းလုဒ်လုပ်ခွင့်ကို ရပ်ဆိုင်းထားပြီး DeepSeek ကိုယ်တိုင်လဲ ဝန်ဆောင်မှုတွေ ယာယီရပ်နားထားပါတယ်။
တောင်ကိုရီးယားဥပဒေအရ ကုမ္ပဏီတွေဟာ အခြားအဖွဲ့အစည်းတွေကို သုံးစွဲသူတွေရဲ့ အချက်အလက်တွေ မပေးပို့ခင် သုံးစွဲသူတွေဆီက ခွင့်ပြုချက်တောင်းခံရပါတယ်။ DeepSeek က ဒီလိုမလုပ်ခဲ့တာကြောင့် ဥပဒေအရ အရေးယူခံရနိုင်ဖွယ် ရှိတယ်လို့လဲ သိရတာပါ။
အီတလီနိုင်ငံမှာလဲ DeepSeek ရဲ့ ချက်ဘော့ကို ပိတ်ပင်ထားသလို အမေရိကန်၊ ထိုင်ဝမ်နဲ့ ဩစတြေးလျမှာလဲ အစိုးရရုံးတွေမှာ DeepSeek သုံးတာကို တားမြစ်ထားပါတယ်။
တရုတ်နည်းပညာကုမ္ပဏီတွေက အချက်အလက်တွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတာကို ကမ္ဘာတစ်ဝှမ်းက သံသယမျက်လုံးနဲ့ ကြည့်လာတဲ့အတွက် နောက်ပိုင်းမှာ ဒီလိုထိန်းချုပ်မှုတွေ ပိုများလာနိုင်တာပါ။
References: DeepSeek linked to ByteDance data sharing. (n.d.). Perplexity AI. https://www.perplexity.ai/page/deepseek-linked-to-bytedance-d-h6o28PctTKO135OkOwgcMA
ဆက်လက်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia