တရုတ်အခြေစိုက် AI ကုမ္ပဏီ DeepSeek ဟာ OpenAI ရဲ့ ChatGPT နဲ့ ယှဉ်နိုင်တဲ့ နည်းပညာကို မိတ်ဆက်လိုက်တာကြောင့် အမေရိကန်စတော့ဈေးကွက်မှာ လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ပေါ်နေပါတယ်။

DeepSeek AI ဟာ Open Source ဖြစ်တဲ့အပြင် အခမဲ့သုံးစွဲလို့ရပြီး အချိန် ၂ လဝန်းကျင်နဲ့ ဒေါ်လာ ၆ သန်းလောက်ပဲ အကုန်ကျခံ တည်ဆောက်ထားတဲ့ Large Language Model ပါ။ DeepSeek AI ကို ဒေါ်လာ ၆ သန်းနဲ့ ဖန်တီးနိုင်ခဲ့တာဟာ OpenAI၊ Google တို့လို အမေရိကန်ကုမ္ပဏီကြီးတွေရဲ့ ဒေါ်လာထရီလီယျံချီ ရင်းနှီးမြုပ်နှံမှုတွေနဲ့ယှဉ်ရင် အလွန်နည်းပါးတဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်။

ဒီသတင်းကြောင့်ပဲ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ AI နည်းပညာအတွက် ချစ်ပ်တွေ ထုတ်လုပ်တဲ့ Nvidia ရဲ့ စတော့ခ်ရှယ်ယာတန်ဖိုးဟာ ဒေါ်လာ ၆၀၀ ဘီလျံထိ ရုတ်ချည်းထိုးကျသွားပြီး စတော့ခ်ဈေးကွက်သမိုင်းမှာ တစ်နေ့တည်း ရှယ်ယာတန်ဖိုး အများဆုံး ဆုံးရှုံးခဲ့တဲ့ ကုမ္ပဏီအဖြစ် ထပ်မံစံချိန်တင်သွားတာပါ။

နာမည်ကြီး Nvidia ကုမ္ပဏီ တစ်ရက်တည်းမှာတင် တန်ဖိုးဒေါ်လာ ၂၇၉ ဘီလျံကျော် ထိုးကျ
ကမ္ဘာ့နာမည်ကြီး နည်းပညာကုမ္ပဏီ ဖြစ်ပြီး ကွန်ပြူတာချစ်ပ်တွေ ထုတ်လုပ်ရာမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ Nvidia ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က သမိုင်းတစ်

DeepSeek ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပေမဲ့ လတ်တလော နာမည်ကြီးနေတဲ့ မော်ဒယ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကမှ ထွက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီ R1 model က OpenAI ရဲ့ ChatGPT o1 ကို ယှဉ်နိုင်သလို တခြား ဉာဏ်ရည်တုမော်ဒယ်တွေနည်းတူလဲ အရည်အသွေးကောင်းမွန်တာပါ။ ဒါ့အပြင် စွမ်းအင်သုံးစွဲမှုပိုင်းမှာလဲ တခြားအေအိုင်တွေထက် အများကြီးသက်သာလို့ စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေ ထိုးကျခဲ့ပါတယ်။

တီထွင်ဖန်တီးမှုတို ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို၊ စာကြည့်ဖို၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

DeepSeek ရဲ့ အမေရိကန်ကုမ္ပဏီတွေအပေါ် သက်ရောက်လာမှုနဲ့ ပတ်သက်လို့ Wall Street က ကျွမ်းကျင်သူတွေကတော့ သုံးသပ်ချက်အမျိုးမျိုး ပေးထားတာပါ။

AI နည်းပညာကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ အခုလို အရည်အသွေးကောင်းအောင် ဖန်တီးနေနိုင်တယ်ဆိုရင် စီလီကွန်ဗေလီက ကုမ္ပဏီတွေရဲ့ အေအိုင်အပေါ် ရင်းနှီးမြှုပ်နှံမှုတွေက များလွန်းနေတာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာနေပါတယ်။

ဒါပေမဲ့ တချို့ကျွမ်းကျင်သူတွေကလဲ နည်းပညာကောင်းပေမဲ့ လုံးလုံးတော်လှန်လိုက်နိုင်တာမျိုး မဟုတ်ဘဲ အရှေ့မှာ ရှိထားပြီးသားတွေနဲ့ မကွာတာမို့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ တုံ့ပြန်မှုတွေက လွန်ကဲနေတယ်လို့ သုံးသပ်ထားတာပါ။ Nvidia ကိုယ်တိုင်ကလဲ DeepSeek က အေအိုင်နယ်ပယ်မှာ အရွေ့တစ်ရပ် ဖြစ်လာနိုင်ပေမဲ့ AI နည်းပညာကို သူတို့ ဒီ့ထက်အဆင့်မြှင့်နိုင်ဖို့ဆိုရင်တော့ Nvidia က စွမ်းဆောင်ရည်မြင့်ချစ်ပ်တွေကို သေချာပေါက်လိုမှာလို့ ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံထဲကို Nvidia ချစ်ပ်တွေ တင်ပို့ခွင့် မရှိတော့သလို တခြားနည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေလဲ အမြောက်အမြား ရှိနေဆဲပါ။ DeepSeek တည်ထောင်သူ လီယန်ကတော့ အရင်ကတည်းက ဝယ်ယူသိုလှောင်ထားတဲ့ Nvidia ချစ်ပ်တွေကို DeepSeek တီထွင်ရာမှာ သုံးခဲ့တယ်လို့ သိရပါတယ်။

ဒီကုမ္ပဏီရဲ့ AI အက်ပ်ကို Apple Store မှာ အခမဲ့ရယူနိုင်ပေမဲ့ တရုတ်နိုင်ငံက ဆာဗာတွေပေါ်မှာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားတာမို့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေလဲ ရှိနေတာပါ။ ကုမ္ပဏီဘက်ကတော့ ဒီနည်းပညာဟာ စမ်းသပ်ဆဲကာလမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။ သုံးစွဲနေစဉ် အမှားအယွင်းတွေ ရှိလာနိုင်သလို အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ မထည့်သွင်းဖို့လဲ အသုံးပြုသူတွေအချင်းချင်း အကြံပြုနေကြတာပါ။

Reference: Picchi, A. (2025, January 28). What is DeepSeek, and why is it causing Nvidia and other stocks to slump? CBS News. https://www.cbsnews.com/news/what-is-deepseek-ai-china-stock-nvidia-nvda-asml/

ဆက်လက်ဖတ်ရှုဖို့

ChatGPT ကို တိုက်ရိုက်ယှဉ်ပြိုင်လာနိုင်တဲ့ တရုတ်ထုတ် DeepSeek
DeepSeek, a leading AI firm in China, has focused on hiring PhD students from top Chinese universities to build its research team.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!