ကမ္ဘာ့ cryptocurrency ဈေးကွက်ရဲ့ စုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၃ ထရီလီယမ်ကို ကျော်လွန်ရောက်ရှိသွားပြီလို့ စီးပွားရေးအညွှန်းကိန်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Bitcoin နဲ့ Ethereum တို့လို ဒစ်ဂျစ်တယ်ငွေကြေးတွေရဲ့ တန်ဖိုးတွေ စံချိန်တင်မြင့်တက်ပြီးတဲ့နောက်မှာ အခုလို ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယမ်ကို ရောက်ရှိခဲ့တာလို့လဲ ဆိုပါတယ်။ နာမည်ကြီး ဒစ်ဂျစ်ငွေကြေးအမျိုးအစားတစ်ခုဖြစ်တဲ့ Bitcoin ဆိုရင် လက်ရှိတန်ဖိုး ဒေါ်လာ ၈၉,၀၀၀ ကျော်ကို ထောင်တက်သွားပြီး Ethereum ဆိုရင်လဲ ဒေါ်လာ ၄၀၀၀ တန်ဖိုး ရှိနေပါပြီ။

ဒီလို ဈေးကွက်တန်ဖိုး ရုတ်တရက်မြင့်တက်လာရတာရဲ့ နောက်ကွယ်မှာ အမေရိကန်ရွေးကောက်ပွဲ ရလဒ်လဲ ရှိနေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ယူဆကြပါတယ်။ ခရစ်ပ်တိုငွေကြေးလုပ်ကိုင်သူတွေဟာ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရလိုက်တာကြောင့် ထရမ့်တက်လာချိန်မှာ ပြောင်းမဲ့မူဝါဒတွေဟာ Bitcoin ကို တစ်နည်းတစ်ဖုံ သွယ်ဝိုက်အကျိုးဖြစ်ထွန်းစေမယ်လို့ ယူဆကြပါတယ်။

ဥပမာ၊ ထရမ့်နဲ့ ထရမ့်ရဲ့ အဖွဲ့က ငွေဖြုန်းအားမြှင့်ပြီး စီးပွားရေး ကောင်းမွန်အောင်လုပ်မယ် ပြောဖူးပါတယ်။ သဘောက အစိုးရချေးငွေတွေ များများထုတ်ပေးတာမျိုးကနေ နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှုစနစ်ထဲ ငွေပမာဏများများ ရောက်လာပြီး ဖောင်းပွမှုဖြစ်အောင် လုပ်ယူမဲ့ ပုံစံပါ။ ဒီလို ငွေကြေးဖောင်းပွလာချိန်ဆိုရင် ရှယ်ယာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ Bitcoin လိုမျိုး အစိုးရထိန်းချုပ်မှုအောက်မှာ မှီတွယ်မနေဘဲ သီးခြားတည်ရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေဆီ ခြေဦးလှည့်လာကြပါတယ်။ ဒီပုံစံနဲ့ Cryptocurrency တွေရဲ့ တန်ဖိုးက မြင့်တက်လာနိုင်တာပါ။

Reference: https://www.reuters.com/technology/crypto-market-capitalisation-hits-record-32-trillion-coingecko-says-2024-11-14/

ဆက်လက်ဖတ်ရှုဖို့

ကန်ရွေးကောက်ပွဲအပြီးမှာ Bitcoin ဈေး စံချိန်တင်မြင့်တက်
နာမည်ကြီး ဒစ်ဂျစ်ငွေကြေးအမျိုးအစားတစ်ခုဖြစ်တဲ့ Bitcoin ဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာတင် ဒေါ်လာ ၇ သောင်းခွဲကျော်ကို စံချိန်တင် မြင့်တက်သွားတယ်လို့ Cryptocurrency ဈေးကွက်ဆန်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!