ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကွန်ပြူတာတွေ အကုန်လုံးမှာ ဆိုက်ဘာကွန်ယက်ပြတ်တောက်မှုတွေ ဖြစ်လို့ 'ဂယက် အကြီးအကျယ်' ထသွားကြတာကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ တရားခံက CrowdStrike လို့ ခေါ်တဲ့ နည်းပညာကုမ္ပဏီတစ်ခုပါ။ ဒီပြတ်တောက်မှုက ဆက်သွယ်ရေးကွန်ယက်တွေ အပါအဝင် တခြားအိုင်တီနဲ့ ဆက်စပ်စနစ်တွေကိုပါ တိုက်ရိုက်ထိခိုက်ခဲ့လို့ လေကြောင်းလိုင်းတွေ၊ ဘဏ်တွေနဲ့ တခြားဆိုက်ဘာအခြေပြု စီးပွားရေးလုပ်ငန်းတွေပါ ခေတ္တရပ်နားထားလိုက်ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။

အခုတော့ အဲဒီကုမ္ပဏီကနေ သူတို့ဘက်က ချို့ယွင်းချက်ကြောင့် ထိခိုက်ခဲ့ရတဲ့ ကွန်ပြူတာအလုံးပေါင်း ၈.၅ သန်းရဲ့ ပိုင်ရှင်တွေကို အီးမေးလ်က တစ်ဆင့် သူတို့ကြောင့် 'အလုပ်ပိုခဲ့ရ'လို့ တောင်းပန်ကြောင်း ပေးပို့လာခဲ့ပါတယ်။

'တောင်းပန်တဲ့အနေနဲ့ မိတ်ဆွေတို့ကို လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးလေး ပြန်ပေးခွင့်ပြုပါ' လို့ အစချီပြီး ဆယ်ဒေါ်လာတန် UberEATS ဘောင်ချာကုဒ်လေးတွေ ပို့ပေးခဲ့တာပါ။

CrowdStrike ဘက်ကတော့ ထိခိုက်နစ်နာခဲ့သူတွေဆီ Uber က တစ်ဆင့် မုန့်ဝယ်စားနိုင်မဲ့ ကူပွန်သဘော ဘောင်ချာကုဒ်တွေကို ပို့ပေးခဲ့တယ် ပြောပေမဲ့ တချို့လူတွေကလဲ အသုံးပြုလို့ မရနေဘူးလို့ ဆိုပြန်ပါတယ်။

Image - EPA via BBC

Window OS ကို အသုံးပြုတဲ့ ကွန်ပြူတာတွေမှာ CrowdStrike ဗိုင်းရပ်စ်ကာကွယ်ရေးဆော့ဝဲကနေ လုပ်ပေးတဲ့ update ထဲ နည်းပညာချို့ယွင်းချက်တွေ ပါသွားလို့ စက်အများစုမှာ 'Blue Screen' ပြဿနာတက်သွားပြီး လေဆိပ်တွေက အစ ဆေးရုံတွေ၊ ဘဏ်တွေအလယ် စီးပွားရေးလုပ်ငန်းတွေအဆုံး 'ဘာမှဆက်လုပ်လို့ မရတဲ့ အခြေအနေ' ကို ကြုံခဲ့ရတာပါ။ ပြတ်တောက်ဆဲကာလမှာလဲ ဒီလုပ်ငန်းတွေ အားလုံး မိနစ်တိုင်း မိနစ်တိုင်းကို သန်းနဲ့ချီတဲ့ တန်ဖိုးပမာဏ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


Reference: BBC News. (2024, July 25). CrowdStrike backlash over $10 apology voucher for IT chaos. https://www.bbc.com/news/articles/ce58p0048r0o

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!