Claude AI ဆိုတာ သဘာဝကျတဲ့ တုံ့ပြန်ချက်တွေနဲ့ ဘာသာစကားပေါင်းစုံကို အေအိုင်မဆန်ဘဲ အသုံးပြုဖြေဆိုနိုင်မှုရယ်၊ ကုဒ်ရေးတဲ့ နေရာမှာ ကောင်းမွန်တာရယ်ကြောင့် ဒီနောက်ပိုင်းမှာ တဖြည်းဖြည်းလူသိများလာတာနဲ့ AI Assistance ပါ။ အခုတော့ Claude AI ကနေ သူတို့ရဲ့ Claude 3.5 Sonnet နဲ့ 3.5 Haiku မော်ဒယ်ကို အကြီးစားတိုးမြှင့်မှုတွေ ဆောင်ရွက်လိုက်ပြီဆိုပါတယ်။ အဲဒီ ဆောင်ရွက်မှုတွေထဲမှာ အတော်လေးထူးခြားကောင်းမွန်တာကတော့ Computer Use လို့ ခေါ်တဲ့ ဘယ် AI မှာမှ မရသေးတဲ့ feature ပါ။

Computer Use ဆိုတာ အသုံးပြုသူကနေ အေအိုင်ကို ကွန်ပြူတာကို လူတွေ သုံးသလို အသုံးပြုခိုင်းပြီး Cursor ရွှေ့တာတွေ၊ ခလုတ်နှိပ်တာတွေနဲ့ စာရိုက်တာလိုမျိုး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါတယ်။ နောက် ကွန်ပြူတာမှာ ဖွင့်ထားတဲ့ တခြားဆော့ဝဲတွေ၊ ပရိုဂရမ်တွေကိုလဲ အေအိုင်နဲ့ တွဲဘက်အသုံးပြုနိုင်မှာမို့ ကိုယ်ခိုင်းချင်တာ ခိုင်းလို့ရပြီဆိုတဲ့ သဘောပါပဲ။

နမူနာအနေနဲ့ Web browser ကို ဖွင့်မယ်၊ ဖောင်တွေဖြည့်မယ်၊ App တွေထဲ ဝင်မယ် . . . စတာတွေကို ကိုယ်က ညွှန်ကြားပေးမယ်ဆိုရင် Claude က လိုက်လုပ်ပေးပါလိမ့်မယ်။

အလိုအလျောက်လုပ်ဆောင်နိုင်မဲ့ task တွေကို ခိုင်းလို့ ရပြီ ဆော့ဝဲတွေ ရေးတာ၊ ထုတ်လုပ်တာမျိုးကိုပါ တစ်ခါတည်း ဆောင်ရွက်နိုင်ခြေရှိတယ်လို့ ဆိုထားတာပါ။ လက်ရှိကတော့ အများသုံးစမ်းသပ်ဗားရှင်းအဖြစ် ရှိနေဆဲမို့ ကန့်သတ်ထားတာတွေ ရှိသေးပေမဲ့ အတော်လေးကောင်းမွန်နေပြီလို့ သိရပါတယ်။

ကွန်ပြူတာကို ထိန်းချုပ်ခွင့် ရသွားမှာမို့ ဒီနည်းပညာကို အရင်းပြုပြီး ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးပိုင်းတွေ၊ အချက်အလက်ကျိုးပေါက်မှုတွေလဲ ရှိနေနိုင်တယ်လို့ Claude AI ကို ထုတ်လုပ်တဲ့ Anthropic ကုမ္ပဏီက ဆိုပါတယ်။ ဒီ့အတွက်လဲ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ အညီပဲ ဆောင်ရွက်သွားဖို့ ရှိမှာပါ။ Computer Use feature ကိုလဲ API အဖြစ် developer တွေက ခေါ်ယူစမ်းသပ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်ထိတော့ Computer Use feature ကို ChatGPT လို မော်ဒယ်တွေမှာတောင် မရနိုင်သေးတာမို့ ကမ္ဘာ့ပထမဆုံးလို့ ဆိုနိုင်ပါလိမ့်မယ်။

References: Computer use (beta) - Anthropic. (n.d.). Anthropic. https://docs.anthropic.com/en/docs/build-with-claude/computer-use

ဆက်လက်ဖတ်ရှုနိုင်ဖို့ ->

OpenAI ကနေ ရှုပ်ထွေးတဲ့ ပြဿနာတွေကို အချိန်တိုအတွင်း ဖြေရှင်းပြနိုင်မဲ့ မော်ဒယ်အသစ်ကို မိတ်ဆက်
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကပဲ OpenAI ကုမ္ပဏီကနေ o1-preview အမည်ရ ပြဿနာဖြေရှင်းနိုင်စွမ်း အင်မတန်မြင့်တဲ့ ChatGPT မော်ဒယ်စီးရီးအသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဒီမော်ဒယ်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!