AI နည်းပညာသုံး စက်ရုပ်တွေ အကူအညီတွေနဲ့တောင်ကိုရီးယားမှာ သုံးစွဲသူတွေအတွက်  ကိုယ်နဲ့သင့်တော်မယ့် မိတ်ကပ်ပစ္စည်းတွေ စတင် ဝယ်ယူရရှိနိုင်တော့မှာဖြစ်တာကို  Reuters သတင်းမှာ‌ဖော်ပြထားပါတယ်။ ဒီစက်ရုပ်တွေကို တောင်ကိုရီးယား အလှကုန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့  Amore Pacific မှ တီထွင် ဖန်တီးထားတာဖြစ်ပါတယ်။

ဒီစက်ရုပ်တွေဟာ  သုံးစွဲသူတွေရဲ့  အသားအရေနဲ့သင့်တော် ပြီး ကိုက်ညီတဲ့  ထုတ်ကုန်တွေကိုရွေးချယ်ပေးနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီမှ တာဝန်ရှိသူတွေကပြောပါတယ်။ သုံးစွဲသူတွေအတွက်အသားအရောင်နဲ့လိုက်ဖက်မဲ့မိတ်ကပ်ကိုရွေးချယ်ပေးမယ့်အပြင်တစ်ဆက်တည်း  လိုက်ဖက်မယ့်  နှုတ်ခမ်းနီတွေကိုပါရွေးချယ်ပေးမှာဖြစ်တယ်လို့ကုမ္ပဏီမှ တာဝန်ရှိသူတွေကဆိုပါတယ်။ 

AI နည်းပညာသုံး ဒီစက်ရုပ်တွေကို တီထွင်ဖန်တီးနိုင်ဖို့အတွက် နှစ်များစွာ ကြိုးစားပြီး အသေးစိတ် အချက်အလက်တွေ ရှာဖွေလေ့လာခဲ့ရတယ်လို့ Amore Pacific ကုမ္ပဏီက  ပြောကြားခဲ့ပါတယ်။

စက်ရုပ်တွေ ဟာသုံးစွဲသူတွေအတွက် လိုက်ဖက်မယ့် မိတ်ကပ်ပစ္စည်းမျိုးစုံကို ရွေးချယ်ပေးမှာဖြစ် ပြီး အခြားသော အလှကုန်ပစ္စည်း ထုတ်ကုန်မျိုးစုံကိုလည်း မိတ်ဆက်ပေးမယ့်  ဝန်ဆောင်မှုတွေလည်း ပေးဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ 

လာမယ့် ၂၀၂၈ ခုနှစ်အတွင်း တောင်ကိုရီးယားမှာ AI ကို အသုံးပြုထားတဲ့အလှကုန် စျေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံ အထိ ရှိလာမယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ဆက်စပ်ဖတ်ရှုလိုလျှင်

နာတာရှည်ရောဂါသည်တွေအတွက် AI ကျန်းမာရေးဝန်ဆောင်မှု Open AI နှင့် Huffington တို့ မိတ်ဆက်
Open AI နဲ့ Huffington Post ကုမ္ပဏီ နှစ်ခုတို့ ပူးပေါင်းပြီး နာတာရှည်ရောဂါတွေအတွက် AI နည်းပညာဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုအသစ်မိတ်ဆက်ခဲ့တာကို TechCrunch သတင်းမှာဖေ

https://www.reuters.com/technology/artificial-intelligence/south-korean-beauty-buffs-can-now-thank-ai-perfect-foundation-shade-2024-07-11/#:~:text=South%20Korean%20beauty%20buffs%20can%20now%20thank%20AI%20for%20the%20perfect%20foundation%20shade

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!