Google ကုမ္ပဏီဟာ  ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ startup Wiz ကို အမေရိကန်ဒေါ်လာ  ၂၃ ဘီလီယံခန့်နဲ့ ဝယ်ယူမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။

ဒါဟာ Google ကုမ္ပဏီသက်တမ်းတစ်လျှောက်  တန်ဖိုးအများဆုံး ဝယ်ယူမှုဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့လည်းဖြစ်ပါတယ်။

Wiz ကုမ္ပဏီဟာ နယူးယောက်အခြေစိုက် cloud security startup ကုမ္ပဏီ တစ်ခုဖြစ်ပြီး  ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ်အတွင်းက  စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Wiz ကို ဝယ်ယူတာက  Amazon နဲ့ Microsoftတို့ထက်နောက်ကျနေတဲ့ Googleရဲ့ cloud-computing လုပ်ငန်းကိုအရှိန်မြှင့်တင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။

Microsoftမှာများပြားလှတဲ့ဆိုက်ဘာလုံခြုံရေးကိရိယာတွေရှိနေပေမယ့် Azure cloud လုပ်ငန်းကဟက်ကာတိုက်ခိုက်မှုတွေကြောင့်အခက်အခဲများစွာကြုံတွေ့နေရတာဖြစ်ပါတယ်။လျင်မြန်စွာကြီးထွားလာတဲ့  ဆိုက်ဘာလုံခြုံရေးစျေးကွက်ကိုအမှီလိုက်ဖို့အတွက် ကုမ္ပဏီက အခုလိုဘီလီယံများစွာကုန်ကျခံပြီး Wiz ကို ဝယ်ယူမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂  ခုနှစ်အတွင်းက Google ဟာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Mandiant ကို အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ နဲ့ ဝယ်ယူခဲ့ပါသေးတယ်။ Mandiant ဟာ နိုင်ငံပိုင်ကွန်ပြူတာဟက်ကာတိုက်ခိုက်မှုတွေကို  ရှာဖွေဖော်ထုတ်ရာမှာ  ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြုခံထားရတာဖြစ်ပါတယ်။  Mandiant ဟာ  Google ရဲ့  cloud computing လုပ်ငန်းရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်။

ဆက်စပ်ဖတ်ရှုလိုလျှင်

တရုတ်ရှိဝန်ထမ်းများကို Apple ထုတ်ကုန်များသာအသုံးပြုရန် Microsoft ညွှန်ကြား
တရုတ်ရှိဝန်ထမ်းတွေကိုလုပ်ငန်းခွင်အတွင်းAppleကုမ္ပဏီကထုတ်လုပ်တဲ့ဆက်စပ်ထုတ်ကုန်တွေကိုသာအသုံးပြုဖို့Microsoftကညွှန်ကြားချက်ထုတ်ပြန်ထားတာကိုReutersသတင်းမှာဖော်ပြ

https://www.reuters.com/markets/deals/google-parent-close-23-billion-deal-buy-cybersecurity-startup-wiz-wsj-reports-2024-07-14/#:~:text=Google%20parent%20in%20talks%20to%20buy%20cybersecurity%20startup%20Wiz%20for%20%2423%20billion

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!