တရုတ်က သူတို့ရဲ့ ပထမဆုံးပြည်တွင်းထုတ် မိုဘိုင်း operating system (OS) . . . HarmonyOS ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ တရားဝင်ကြေညာသွားပါတယ်။ Apple ရဲ့ iOS နဲ့ Andriod ပြီးရင် ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး မိုဘိုင်း OS ဖြစ်လာတော့မှာပါ။

Huawei ဖုန်းတွေမှာ နောက်ပိုင်းတွင်တွင်ကျယ်ကျယ် အသုံးပြုသွားမဲ့ ဒီ HarmonyOS ကိုမှ အဆင့်တိုးမြှင့်ထားတဲ့ HarmonyOS NEXT version ဆိုရင် တရုတ်က သူတို့နည်းပညာအပေါ် အပြည့်အဝ အခြေခံထားမှာမို့ Andriod လိုမျိုး OS အပေါ် မှီခိုနေဖို့ မလိုတော့ဘဲ သီးခြားလွတ်လပ်စွာ တည်ရှိနိုင်ပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Huawei ရဲ့ မိတ်ဆက်ပွဲမှာ ပါဝင်ခဲ့သူ မာယင်းဝါ (Ma Jihua) က

"သီးခြားလွတ်လပ်မှုအပြည့်အဝနဲ့ ထုတ်လုပ်ထားတဲ့ OS မို့ လုပ်ငန်းတွေသာ Huawei နဲ့ ပူးပေါင်းမယ်ဆိုရင် ကိုယ့်လိုအပ်ချက်အပေါ် မူတည်လို့ အထိန်းအချုပ်အကန့်အသတ်တွေ မရှိဘဲ ဆောင်ရွက်လာနိုင်ပါလိမ့်မယ်" လို့ ပြောထားတာပါ။

ပွဲရဲ့ မိတ်ဆက်မှာ ပြောသွားတာအရ တလောက ထုတ်လုပ်ခဲ့တဲ့ HarmonyOS ဆိုရင် Andriod ရဲ့ Opensource Project (AOSP) ဆီက ကုဒ်တချို့ကို အခြေတည်ထားခဲ့ပေမဲ့ အခုမိတ်ဆက်မဲ့ HarmonyOS NEXT ဆိုရင် စနစ်တစ်ခုလုံးကို ကိုယ်တိုင်အစအဆုံး ထုတ်လုပ်အုတ်မြစ်တည်ထားတာဖြစ်ကြောင်းနဲ့ OS ရဲ့ အလုပ်လုပ်ပုံတွေ၊ အရည်အသွေးတွေနဲ့ လုံခြုံရေးပိုင်းတွေကလဲ အတော်လေး တိုးတက်လာပြီဖြစ်ကြောင်း ဆိုပါတယ်။

သတင်းမီဒီယာတွေက ဖော်ပြချက်အရ HarmonyOS NEXT မှာ နယ်ပယ် ၁၈ ခုက အက်ပလီကေးရှင်းပေါင်း တစ်သောင်းခွဲကျော် ရှိနေပြီ ဖြစ်ပြီး အဲဒီထဲက ရုံးသုံးအက်ပလီကေးရှင်းတွေဆိုရင် တစ်နိုင်ငံလုံးမှာရှိသမျှ လုပ်ငန်းပေါင်း ၃၈ သန်းက လာရောက်အသုံးပြုနေပြီလို့ ပြောတာပါ။ လက်ရှိအချိန်ထိ HarmonyOS ကို လက်ခံတဲ့ မိုဘိုင်းဖုန်းပမာဏက သန်းတစ်ထောင်ကျော် ရှိနေပြီဖြစ်ပြီး အဲဒီထဲက ၇ သန်းနီးပါးကတော့ developer တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင်ကို Huawei က တရုတ်မှာ ရှိတဲ့ တက္ကသိုလ် ၃၀၀ ကျော်နဲ့ ချိတ်ဆက်ပြီး နည်းပညာပိုင်း တိုးတက်ဖွံ့ဖြိုးနိုင်ဖို့ သုတေသနတွေ ဆောင်ရွက်နေကြောင်း ပြောထားပါသေးတယ်။

Reference: https://www.globaltimes.cn/page/202410/1321670.shtml

ဆက်လက်ဖတ်ရှုဖို့ . . .

တရုတ်မှာ ရောင်းအားကျလာတဲ့ အိုင်ဖုန်းတွေ . . .
Apple က ထုတ်လုပ်တဲ့ အိုင်ဖုန်းစီးရီးတွေဟာ တရုတ်နိုင်ငံမှာ သိသိသာသာကို ရောင်းအားကျနေပြီး တရုတ်ရဲ့ လူသုံးအများဆုံး စမတ်ဖုန်း ငါးမျိုးစာရင်းအောက်ကိုတေ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!