ကမ္ဘာ့သတင်းဌာနတွေနဲ့ စီးပွားရေးအညွှန်းကိန်းတွေက ဖော်ပြတာအရ တရုတ်နိုင်ငံဟာ စီးပွားရေးကျဆင်းမှုတချို့နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ စက်တင်ဘာလဝန်းကျင်မှာ ဈေးကွက်ကျဆင်းမှု မြောက်မြားစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၂၃ အစောပိုင်းကတည်းက စီးပွားရေးတိုးတက်မှုနှုန်းက တရိပ်ရိပ်ကျနေတာပါ။ အခု အောက်တိုဘာလမှာတော့ ၄.၇ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

ပြည်ပဝယ်လိုအားတွေ ကျဆင်းလာတာနဲ့ အနောက်နိုင်ငံတွေက ကုန်သွယ်လိုမှု လျော့ပါးလာပြီး တင်းမာမှုတွေ ဖြစ်နေတာကြောင့် အခုလို စီးပွားရေးကျဆင်းလာတယ်လို့လဲ အကြမ်းဖျင်းသိရတာပါ။ ပြည်တွင်းမှာလဲ ကုန်စည်လည်ပတ်မှု နှေးကျလာပြီး ပြည်သူတွေဆီက ကုန်ဖြုန်းအားဟာ စံချိန်တင်လုနီးနီးကို နိမ့်ကျလာနေပါတယ်။ အိမ်ရာမြေဈေးနှုန်းတွေလဲ ထိုးကျလျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ကျပ်တည်းလာတာ၊ နေထိုင်စရိတ်ကြီးမားလာတာ၊ ငွေကြေးဖောင်းပွနှုန်းမြင့်လာတာလိုမျိုး အခြေအနေတွေကိုလဲ ကြုံနေရတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အနောက်မဟာမိတ်အုပ်စုတွေနဲ့ တရုတ်ကြား နည်းပညာပိုင်းအရရော ကမ္ဘာ့ကုန်သွယ်မှုစီးဆင်းပုံစံအရပါ အသီးသီးကန့်သတ်ချက်တွေနဲ့ အပြောင်းအလဲတွေ ပြုလုပ်လာပြီးတဲ့နောက် အခုလို စီးပွားရေးအရှိန်တန့်မှု ပြဿနာတွေနဲ့ ကြုံနေရတာ ဖြစ်တယ်လို့လဲ ကမ္ဘာ့စီးပွားရေးအညွှန်းကိန်းအစီရင်ခံစာအရ သိရတာပါ။

Reference: https://www.perplexity.ai/page/china-s-growth-slows-Q0LekGHeQwSFeRGHlRtk3Q

အမေရိကန်ရဲ့ လုပ်သားဈေးကွက် ရုတ်တရက် ပြန်လည်ကောင်းမွန်လာ
အမေရိကန်ပြည်ထောင်စုရဲ့ လုပ်သားဈေးကွက် (Job Market) ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရုတ်တရက် ပြန်လည်အားကောင်းလာတယ်လို့ ကမ္ဘာ့သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!