ကာစီယို (Carsio) ကနေ Moflin အမည်ရ အေအိုင်ပါဝင်တဲ့ အမွေးထူထူအသွင်ရှိ အိမ်မွေးစက်ရုပ်ကလေး တစ်ရုပ် စတင်မိတ်ဆက်လိုက်ပါပြီ။ ဒီစက်ရုပ်က ဟမ်းစတားကြွက်နဲ့ Star Trek ရုပ်ရှင်ထဲက Tribbles လေးတွေ ပေါင်းထားသလို အမွေးထူထူ ရှိပြီး အသုံးပြုသူကို ပွေ့ဖက်ပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာအရ အကူအညီပေးဖို့ ဒီဇိုင်းလုပ်ထားတယ် သိရပါတယ်။
အသံပါဝင်ပြီး လှုပ်ရှားမှုလဲ လုပ်နိုင်သလို ပိုင်ရှင်အနေနဲ့ ကိုင်ထား၊ ပွေ့ထားလို့လဲ ရတဲ့ သက်ရှိအရုပ်လေးသဖွယ် ကာစီယိုက ဖန်တီးပေးထားတာပါ။ တခြား အေအိုင်အဖော်အရုပ်လေးတွေလို အားသွင်းအသုံးပြုရတာ ဖြစ်ပြီး ဒီ Moflin အရုပ်ကလေးကတော့ အားတစ်ခါသွင်းထားရင် ငါးနာရီကြာ ခံပါတယ်။ အရုပ်ရဲ့ အမွေးတွေကို တကယ့်သက်ရှိတွေရဲ့ အမွေးတွေနဲ့ ဆင်တူအောင် အရောင်အသွေးက အစ ဂရုတစိုက်ဖန်တီးထားပြီး လက်နဲ့ ပွတ်သပ်ကိုင်တွယ်တာမျိုး၊ အမွေးကျွတ်တာမျိုးနဲ့ အမွေးတွေကို လဲပေးတာမျိုးလဲ လုပ်လို့ရတာပါ။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
ပြီးရင် ဒီအရုပ်ကလေးက အေအိုင်မဆန်ဘဲ စိတ်ပိုင်းဆိုင်ရာအရ နွေးထွေးစေမဲ့ အပြောအဆိုတွေ၊ အပြုအမူတွေ ရှိတယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။ နောက်၊ အသုံးပြုသူက သူ့ကို ပြောဆိုတဲ့ စကားတွေ၊ ပတ်ဝန်းကျင်တွေအပေါ် လိုက်ပြီးလဲ ဒီအရုပ်ကလေးက ခံစားချက် အတက်အကျ ရှိတယ်လို့ သိရပါတယ်။ နေ့တိုင်း ပုံမှန်သုံးပေးရင် ပျော်ရွှင်တာ၊ ဝမ်းနည်းတာလိုမျိုးနဲ့ တခြားသီးသန့်စာရိတ္တလေးတွေလဲ အသုံးပြုသူအတွက် သီးသန့်ပေါ်ပေါက်လာမှာပါ။ အချိန်ကြာလာတာနဲ့အမျှ ပိုင်ရှင်ကိုလဲ စိတ်ပိုင်းဆိုင်ရာအရ ကပ်တွယ်တတ်လာပြီး တကယ့်အိမ်မွေးတိရစ္ဆာန်လေးတွေလို ဖြစ်လာတယ်လို့ သိရပါတယ်။
အဲဒီအရုပ်ကလေးကို လိုချင်တယ်ဆိုရင် လောလောဆယ်တော့ ပရီအော်ဒါ စတင်လက်ခံနေပြီး ပျမ်းမျှတစ်ရုပ်ကို ဒေါ်လာ ၄၀၀ ဝန်းကျင် ကျသင့်ပါမယ်။ ပရီအော်ဒါကိုလဲ လောလောဆယ်မှာ ဂျပန်မှာပဲ တင်လို့ ရနိုင်အုံးမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ဘယ်တော့ဖြန့်ချိရောင်းချမလဲ မသိရသေးပါဘူး။
Reference: https://www.perplexity.ai/page/casio-s-ai-robotic-pet-5Dyqna7hRDO8M2gFRcM5og
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: support@buildmyanmar.com
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia