သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ ဘရာဇီးနိုင်ငံရဲ့ တရားရုံးချုပ်ကနေ အီလွန်မက်ခ်စ်ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X (ယခင်တွစ်တာ) ကို ဘရားဇီးနိုင်ငံထဲမှာ ကန့်သတ်တားမြစ်လိုက်ပါတယ်။ အီလွန်မက်စ်ခ်ရဲ့ X နဲ့ အစိုးရဘက်က တရားသူကြီး အလက်ဇ္ဒြား ဒီ မိုရေးတို့ကြား လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ ကွန်းတန့်ထိန်းချုပ်ခွင့်ကြား တရားရင်ဆိုင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့မှာပဲ ဘရာဇီးအစိုးရရဲ့ တရားရုံးချုပ်ကနေ X ဟာ ၂၄ နာရီအတွင်း တရားရုံးရင်ဆိုင်ခြင်း မရှိတဲ့အတွက် ဘရာဇီးနိုင်ငံကနေ တရားဝင်တားမြစ်ကြောင်း စီရင်ချက် ချလိုက်ပါတယ်။ ဒီ စီရင်ချက်အပြီးမှာ ဘရာဇီးထဲ အင်တာနက်ဝန်ဆောင်မှု ပေးအပ်တဲ့ ကုမ္ပဏီတွေနဲ့ App Store တွေ အကုန်လုံး ငါးရက်အတွင်းမှာ X ပလက်ဖောင်းကို ဖြုတ်ချဖို့လဲ အမိန့်ချမှတ်ထားတာပါ။

ဘရာဇီးဥပဒေအရ တိုင်းပြည်ထဲမှာ လာရောက်အခြေချထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ တရားရေး ရင်ဆိုင်နိုင်တဲ့ ကိုယ်စားလှယ် တစ်နည်း ရှေ့နေ ထားရှိထားရပါတယ်။ ဒါပေမဲ့ အီလွန်မက်စ်ခ်တို့ရဲ့ X ကတော့ အဲဒီလို ကိုယ်စားလှယ် မရှိနေဘဲ တရားရုံးကို ဆင့်ခေါ်ချိန်မှာလဲ သတ်မှတ်ချိန်အတွင်း မလာရောက်ခဲ့လို့ အခုလို အမိန့်ချလိုက်တာပါ။ ဘရာဇီးနိုင်ငံဟာ X အသုံးပြုသူ ဦးရေ သန်း ၄၀ ကျော် ရှိတာမို့ အခုလို တားမြစ်ကန့်သတ်ခံလိုက်ရတာဟာ ကုမ္ပဏီအတွက်တော့ အတော်လေး ထိခိုက်နိုင်ပါတယ်။

Reference: X banned in Brazil. (n.d.). Perplexity AI. https://www.perplexity.ai/page/x-banned-in-brazil-Eb43fK8KTiieDPbPCd93PA

X ကုမ္ပဏီ ဆန်ဖရန်စစ်စကို,ကို တကယ်နှုတ်ဆက်ပြီ
ပြီးခဲ့တဲ့ နှစ်ပတ်က Build Myanmar Media မှာ ဖော်ပြခဲ့တဲ့ ‘အသိုက်ပြောင်းတော့မဲ့ အီလွန်မက်စ်ခ်’ အမည်ရ သတင်းကို စာဖတ်သူတို့ တွေ့မိကြမယ်ထင်ပါတယ်။ အီလွန်မက်စ် ပိုင်တဲ
အီလွန်မက်စ်ခ်က YouTube နဲ့ အပြိုင် X TV ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
အီလွန်မက်စ်ခ်က YouTube လိုမျိုး ဗီဒီယိုတွေ ကြည့်ရှုနိုင်မဲ့ ပလက်ဖောင်းတစ်ရပ်ကို X TV ဆိုတဲ့ အမည်နဲ့ စတင်ထုတ်လုပ်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။ အဲဒီအကြောင်

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!