နာမည်ကြီး ဒစ်ဂျစ်ငွေကြေးအမျိုးအစားတစ်ခုဖြစ်တဲ့ Bitcoin ဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာတင် ဒေါ်လာ ၇ သောင်းခွဲကျော်ကို စံချိန်တင် မြင့်တက်သွားတယ်လို့ Cryptocurrency ဈေးကွက်ဆန်းစစ်ချက်တွေအရ သိရပါတယ်။ အတိအကျပြောရရင် အမေရိကန်ဒေါ်လာ ၇၅ ၃၉၅ ပမာဏကို ခုန်တက်သွားတာ ဖြစ်ပြီး အဲဒီလို စံချိန်တင်လောက်အောင် မြင့်တက်သွားရတာရဲ့ နောက်ကွယ်မှာ အမေရိကန်ရွေးကောက်ပွဲ ပါဝင်နေတာပါ။
ခရစ်ပ်တိုငွေကြေး လုပ်ကိုင်သူတွေဟာ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရလိုက်တာကြောင့် ထရမ့်တက်လာချိန်မှာ ပြောင်းမဲ့မူဝါဒတွေဟာ Bitcoin ကို တစ်နည်းတစ်ဖုံ သွယ်ဝိုက်အကျိုးဖြစ်ထွန်းစေမယ်လို့ ယူဆကြပါတယ်။ ဥပမာ၊ ထရမ့်နဲ့ ထရမ့်ရဲ့ အဖွဲ့က ငွေဖြုန်းအားမြှင့်ပြီး စီးပွားရေး ကောင်းမွန်အောင်လုပ်မယ် ပြောဖူးပါတယ်။ သဘောက အစိုးရချေးငွေတွေ များများထုတ်ပေးတာမျိုးကနေ နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှုစနစ်ထဲ ငွေပမာဏများများ ရောက်လာပြီး ငွေကြေးဖောင်းပွမှုဖြစ်အောင် လုပ်ယူမဲ့ ပုံစံပါ။
ဒီလို ငွေကြေးဖောင်းပွလာချိန်ဆိုရင် ရှယ်ယာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ Bitcoin လိုမျိုး အစိုးရထိန်းချုပ်မှုအောက်မှာ မှီတွယ်မနေဘဲ သီးခြားတည်ရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေဆီ ခြေဦးလှည့်လာကြပါတယ်။ ဒီပုံစံနဲ့ Bitcoin ရဲ့ တန်ဖိုးက မြင့်တက်လာနိုင်တာပါ။
ဒါ့အပြင် တရုတ်က ကြေညာထားသလို သူတို့ရဲ့ စီးပွားရေးထဲ ဒေါ်လာ ၁.၄ ထရီလျံပမာဏ ဖြုန်းတီးမယ်ဆိုတာကလဲ အပေါ်မှာပြောသလို ငွေကြေးစီးဆင်းမှုနှုန်းကို 'ကစားချင်'တဲ့ သဘောသက်ရောက်ပါတယ်။ ဒီလိုငွေကြေးတန်ဖိုးတွေ မတည်မငြိမ်ဖြစ်လေလေ ရင်းနှီးမြှုပ်နှံသူတွေက cryptocurrency လို အခြားအပြိုင်ငွေကြေးတွေဆီ ပိုပြီး အာရုံစိုက်လေပါ။ ဒီကိစ္စနဲ့ US ရဲ့ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရတာ ပြတ်ပြတ်သားသားဖြစ်သွားချိန်မှာတော့ Bitcoin ရဲ့ တန်ဖိုးဟာ ရုတ်တရက်ထောင်တက်သွားတာ ဖြစ်ပါတယ်။
ထရမ့်ကလဲ အမေရိကန်ဟာ Crypto မှာ နံပါတ်တစ်ဖြစ်စေရမယ်လို့ ကြွေးကြော်ဖူးသူပါ။
Reference: Da Silva & Charlotte Edwards, J. (2024, November 6). US shares, Bitcoin hit record high and dollar soars on Trump win. https://www.bbc.com/news/articles/c6246e3w935o
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia