ဘစ်ကွိုင်းငွေကြေးဟာ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်မှာ ၁၁.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလထဲ အဆိုးဆုံး အခြေအနေကို ရောက်ခဲ့တယ်လို့ ခရစ်ပ်တိုဆိုက်တွေက ပြောပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး မရေရာမှုတွေကြားမှာ ခရစ်ပ်တိုငွေကြေးတွေရဲ့ အခြေအနေကလဲ အလားအလာ သိပ်မကောင်းနေဘူးလို့ သူတို့က ဆိုတာပါ။

၂၀၂၅ ဇန်နဝါရီမှာ သမ္မတထရမ့်တက်လာတော့ ဘစ်ကွိုင်တန်ကြေးက ဒေါ်လာတစ်သိန်းကို စံချိန်တင်ကျော်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒေါ်လာခုနှစ်သောင်းအထိ ရုတ်တရက်ပြန်ထိုးကျသွားခဲ့ပါတယ်။ မတ်လကုန်မှာတော့ ဒေါ်လာရှစ်သောင်းဝန်းကျင်မှာပဲ ရှိနေခဲ့ပြီး ဈေးနှုန်းပြန်တက်နိုင်ဖို့ ရုန်းကန်နေရတာပါ။ ၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ မူလတန်ဖိုးကနေ ၆၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်က အတော်လေး အခြေအနေဆိုးရွားခဲ့တယ်လို့လဲ သိရပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ အောက်က လင့်ခ်ကို နှိပ်ပါ။

ဒါကိုနှိပ်ပြီး လှူဒါန်းပါ

ကျဆင်းလာရတဲ့ အဓိကအကြောင်းအရင်းတွေထဲ အမေရိကန်ရဲ့ ပြည်ပ ၂၅ နိုင်ငံပေါ် ချမှတ်တဲ့ ကုန်သွယ်ခွန်တွေ၊ ကမ္ဘာ့ဈေးကွက်စီးပွားရေး ဖိအားတွေနဲ့ တင်းမာမှုတွေအပြင် ထရမ့်အစိုးရလက်ထက်မှာ အများထင်ထားသလို ခရစ်ပ်တိုငွေကြေးတွေနဲ့ ပတ်သက်လို့ မူဝါဒပြောင်းလဲတာတွေ မရှိနေတာ၊ အခွန်ပိုတိုးလာပြီး ငွေကြေးဖောင်းပွလာတာတွေကြောင့်လို့ ဆိုတာပါ။

တချို့ကျွမ်းကျင်သူတွေကတော့ ဘစ်ကွိုင်ဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို ဆထက်တိုး ရရှိနေဆဲဖြစ်ပြီး ၂၀၂၅ ခုနှစ်ရဲ့ လာမဲ့နှစ်တွေမှာ ရလဒ်ကောင်းတွေ ရှိလာနိုင်တယ်လို့ အကောင်းမြင်ထောက်ပြကြပါတယ်။

Reference: https://www.perplexity.ai/page/bitcoin-posts-worst-q1-in-deca-EjI6ZgSOQhaXNx2Pcb.SfQ

အသိပေးမှု

ဒီအပတ်တွေထဲ သတင်းတင်ဆက်မှုတွေ ရပ်တန့်နေခဲ့လို့ Build Myanmar - Media ရဲ့ ဖတ်ရှုသူတွေကို အနူးအညွတ်တောင်းပန်ပါတယ်။ ဧပြီပထမအပတ်က စလို့ သတင်းကဏ္ဍကို ပုံမှန်ပြန်လည်တင်ဆက်သွားပါမယ်။

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!