ဘီလျံနာ ရင်းနှီးမြှုပ်နှံသူ Bill Ackman ရဲ့ Pershing Square Capital Management ဟာ Uber Technologies မှာ ဒေါ်လာ ၂.၃ ဘီလျံ ရင်းနှီးမြှုပ်နှံလိုက်တဲ့အတွက် ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေး မြင့်တက်သွားခဲ့ပါတယ်။

Ackman ပိုင်ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက Uber ဆီက ရှယ်ယာ ၃၀.၃ သန်းဝန်းကျင်ကို ဝယ်ယူခဲ့ပြီး၊ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၁.၄ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ Uber ဟာ ကမ္ဘာပေါ်မှာ စီမံခန့်ခွဲမှု အကောင်းဆုံး စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်မှန်း ယုံကြည်လို့ အခုလို ဝယ်ယူတာလို့လဲ Ackman က ပြောတာပါ။ ဒီသတင်းကြောင့်ပဲ Uber ရဲ့ စတော့ရှယ်ယာဈေး ၉ ရာခိုင်နှုန်း တက်သွားပြီး၊ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၆၀ ဘီလျံအထိ ရောက်ရှိသွားခဲ့ပါတယ်။

အိမ်တိုင်ရာရောက် အစားအသောက် ပို့ဆောင်ရေးအပြင် မြို့တွင်း ယာဉ်ငှားဝန်ဆောင်မှုတွေနဲ့ ကျော်ကြားတဲ့ Uber ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာပေမဲ့ နှစ်စဉ်အရှုံးတွေနဲ့ပဲ ရင်ဆိုင်နေခဲ့ရတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာတော့ လုပ်ငန်းနယ်ပယ် တိုးချဲ့တာတွေ၊ အသုံးစရိတ် လျှော့ချတာတွေနဲ့ ဈေးနှုန်းသတ်မှတ်ရာမှာ AI နည်းပညာကို သုံးခဲ့လို့ ပထမဆုံးအကြိမ် တစ်နှစ်တာ လုပ်ငန်းလည်ပတ်မှုထဲ ဒေါ်လာဘီလျံချီ အမြတ်ငွေရခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Google ရဲ့ လက်အောက်ခံ Waymo ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ ယာဉ်တွေကိုလည်း စမ်းသပ်နေပါတယ်။ လက်ရှိမှာတော့ တက္ကဆက်ပြည်နယ် Austin မြို့မှာ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ ယာဉ်တွေနဲ့ ဝန်ဆောင်မှု စတင်ပေးနေပြီ ဖြစ်ပါတယ်။

Lung, N., & Wollman, D. (2025, February 7). Bill Ackman says Pershing Square owns 30.3 million Uber shares. Bloomberg.com. https://www.bloomberg.com/news/articles/2025-02-07/bill-ackman-says-pershing-square-owns-30-3-million-uber-shares

ဆက်လက်ဖတ်ရှုဖို့

အီလွန်မက်စ်ခ် ဦးဆောင်တဲ့ စိစစ်ရေးဌာန တစ်နေ့ကို ဒေါ်လာ ၁ ဘီလျံ ချွေတာနိုင်ပြီ
The Department of Government Efficiency (DOGE) claims to save the US federal government $1 billion per day through cost-cutting measures.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!