ဒီနေ့ကမ္ဘာကြီးက ကျင့်သုံးနေတဲ့ အရင်းရှင်စနစ်ဆိုတာ စီးပွားရေးတိုးတက်စေတဲ့ စနစ်တစ်ခုဆိုပြီး အားလုံးက ယေဘုယျလက်ခံထားပါတယ်။ လွတ်လပ်တဲ့ဈေးကွက် (ဝါ) ဈေးကွက်စီးပွားရေးစနစ်ရှိမယ်၊ ဈေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်ခွင့်ရှိမယ်၊ ပြီးတော့ တစ်ဦးချင်းပိုင်ဆိုင်ခွင့်ကိုလည်း အာမခံပေးထားမယ်။ ဒါက အရင်းရှင်စနစ်ရဲ့ အလင်းဘက်ခြမ်းပါ။

ဒါပေမဲ့ လက်တွေ့မှာတော့ အရင်းရှင်စနစ်ကို ကျင့်သုံးနေတာက လူတွေဖြစ်လို့ သိသိသာသာဘက်လိုက်မှုတွေ၊ မသိမသာ တိမ်းပါးချွတ်ချော်မှုတွေရှိနေပါတယ်။ အထူးသဖြင့် ကုမ္ပဏီကြီးတွေနဲ့ ကော်ပိုရိတ်လုပ်ငန်းကြီးတွေဟာ သူတို့ရဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေအတွက် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းဖို့ အရင်းရှင်စနစ်ရဲ့ အမှောင်ဘက်ခြမ်းကို စနစ်တကျ အသုံးပြုနေကြပါတယ်။ ဆိုတော့ အဲဒါက ဘာတွေဖြစ်မလဲ။ အရင်းရှင်စနစ် အမှောင်ဘက်ခြမ်းကို သွားကြည့်လိုက်ကြရအောင်ပါ။

Share this article
The link has been copied!