Apple ကုမ္ပဏီဟာ Google ဘက်က အမေရိကန်တရားရေးနဲ့ ရင်ဆိုင်နေရတဲ့ Online Search နဲ့ ပတ်သက်တဲ့ Antitrust အမှုမှာ ပါဝင်ချင်တယ်လို့ ပြောလာပါတယ်။ Google ကို Safari Browser ပေါ်မှာ default search engine အဖြစ် ထားပေးလို့ သူတို့ဘက်က တစ်နှစ်ကို ဒေါ်လာဘီလျံနဲ့ချီ အကျိုးအမြတ်ရကြောင်း၊ အဲဒီသဘောတူညီချက်တွေကို Google ဘက်က ခုခံကာကွယ်ပေး/မပေး မသေချာလို့ တရားခွင်မှာ ပါဝင်ချင်တာလို့ ဆိုလာတာပါ။
၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် Apple က Google နဲ့ သဘောတူညီချက်တွေက တစ်ဆင့် ဒေါ်လာ ၂၀ ဘီလျံအထိ ရခဲ့ပါတယ်။ ဒီ့အတွက်ကြောင့် အဲဒီသဘောတူညီချက်တွေကို အထိအခိုက်ခံမှာ မဟုတ်ဘဲ အဆုံးစွန်ထိ ခုခံကာကွယ်သွားဖို့ ရှိတယ်လို့လဲ သွယ်ဝိုက်ပြောဆိုထားတာပါ။ ဒါ့အပြင် Apple အနေနဲ့လဲ Google နဲ့ ယှဉ်ပြိုင်ရင်း ကိုယ်ပိုင် search engine ထုတ်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုလိုက်ပါတယ်။
ဒီ့အတွက်ကြောင့် လာမဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီမှာ ဆောင်ရွက်ဖို့ရှိမဲ့ အမေရိကန်တရားရေးဌာနနဲ့ Google ကုမ္ပဏီတို့ကြားက Antitrust တရားခွင်မှာ Apple ကုမ္ပဏီဘက်က သက်သေတွေ ထည့်သွင်းရင်း ခုခံကာကွယ်ချင်တာပါ။
Antitrust ဆိုတာ နယ်ပယ်တစ်ခုထဲမှာ စိုးမိုးမှုအားကောင်းပြီး ထိပ်ပိုင်းရောက်နေတဲ့ ကုမ္ပဏီကြီးတွေကနေ ဈေးကွက်ကို ချုပ်ကိုင်ချယ်လှယ်တာကို တားမြစ်တဲ့ ဥပဒေရပ် ဖြစ်ပါတယ်။ အင်တာနက် search engine နယ်ပယ်မှာ ထိပ်သီးဖြစ်တဲ့ Google က ပြီးခဲ့တဲ့ နှစ်ကတည်းက ဥရောပသမဂ္ဂအပါအဝင် အမေရိကန်တရားရေးဌာနနဲ့ Antitrust အမှုကို ရင်ဆိုင်နေရတာပါ။ ဥရောပသမဂ္ဂကတော့ လွန်ခဲ့တဲ့ စက်တင်ဘာလက Google ကို ဒဏ်ကြေး ပေါင် ၂.၄ ဘီလျံ ပေးဆောင်ဖို့ အမိန့်ချမှတ်ထားပါပြီ။
လက်ရှိ US ရဲ့ တရားရေးဌာနကလဲ Google ကို အလားတူအမှုနဲ့ပဲ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ Google ကုမ္ပဏီဟာ မမျှတတဲ့ နည်းလမ်းတွေကို သုံးပြီး အင်တာနက်ရှာဖွေရေးနယ်ပယ်ကို စိုးမိုးချယ်လှယ်နေတယ်လို့ စွဲချက်တင်ထားတာပါ။ ဒါ့အပြင် Google ဟာ Apple နဲ့ ပူးပေါင်းပြီး Chrome ကို Safari စနစ်ထဲ ထည့်သွင်းမြှုပ်နှံတာမျိုး လုပ်တာကလဲ ဈေးကွက်ကို ချုပ်ကိုင်ဖို့ ကြိုးစားမှုဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိရင်ဆိုင်နေရတဲ့ တရားခွင်မှာတော့ Google က ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စွဲချက်တွေကို ဦးစားပေးရင်ဆိုင်ရမှာမို့ Apple ရဲ့ အကျိုးအမြတ်အတွက် ခုခံပြောဖို့ အခွင့်မသာနေပါဘူး။
Reference: Godoy, J. (2024, December 24). Apple seeks to defend Google’s billion-dollar payments in search case. Reuters. https://www.reuters.com/technology/apple-seeks-defend-googles-billion-dollar-payments-search-case-2024-12-24/
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia