Apple က ထုတ်လုပ်တဲ့ အိုင်ဖုန်းစီးရီးတွေဟာ တရုတ်နိုင်ငံမှာ သိသိသာသာကို ရောင်းအားကျနေပြီး တရုတ်ရဲ့ လူသုံးအများဆုံး စမတ်ဖုန်း ငါးမျိုးစာရင်းအောက်ကိုတောင် တဖြည်းဖြည်း ရောက်လာနေပါတယ်။ ဈေးကွက်သုတေသနတွေက ဖော်ပြချက်အရ ၂၀၂၄ ခုနှစ် အစောပိုင်းက စလို့ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းရှယ်ယာမှာ Apple ကုမ္ပဏီက ၁၃.၇ ရာခိုင်နှုန်းတောင် ထိုးကျခဲ့တယ်လို့ သိရတာပါ။ ပြည်တွင်းထုတ် စမတ်ဖုန်း ပြိုင်ဘက်တွေဖြစ်တဲ့ Huawei, Vivo နဲ့ Xiaomi တို့က Apple ကို နည်းပညာပိုင်းအရ ကျော်တက်ပြီး သုံးစွဲသူတွေရဲ့ 'အကြိုက်ကိုဆောင်' နေလို့ လူသုံးပိုများလာတာလဲ ဖြစ်ပါတယ်။

ပြည်တွင်းစမတ်ဖုန်း တံဆိပ်တွေထဲက Apple ရဲ့ အကြီးမားဆုံး ပြိုင်ဘက် Huawei ဆိုရင် ၂၀၂၄ ခုနှစ်အစောပိုင်းက စလို့ ၆၄ ရာခိုင်နှုန်းလောက် ရောင်းအားတက်လာပေမဲ့ အိုင်ဖုန်းကတော့ တစ်နှစ်ပြီး တစ်နှစ် ၂၄ ရာခိုင်နှုန်းစီ ထိုးကျနေခဲ့တယ်လို့ သိရတာပါ။ Huawei ရဲ့ Mate 60 စီးရီးဆိုရင် တရုတ်ပြည်တွင်းထုတ် လုပ်ဆောင်နိုင်စွမ်းမြင့် Processor တွေ ထည့်သုံးလာပြီး နည်းပညာပိုင်းအရလဲ အိုင်ဖုန်းတွေထက် အများကြီး သာလွန်လာလို့ အခုလို ရောင်းအားမြင့်လာတယ်လို့ ဆိုပါတယ်။ အဲဒါအပြင်ကို OPPO, Vivo နဲ့ Xiaomi စမတ်ဖုန်းတွေကလဲ ဈေးအရ သက်သာပြီး ကောင်းမွန်တဲ့ performance တွေနဲ့ feature အသစ်တွေ အများကြီး ရှိလာပါတယ်။ ပိုကောင်းလာတဲ့ ကင်မရာတွေ၊ ကြာရှည်ခံ ဘက်ထရီတွေ၊ အဆင့်မြင့်လာတဲ့ Processor တွေ တပ်ဆင်လာလို့ Apple အတွက် ပြိုင်ဘက်လို ဖြစ်လာနေပါပြီ။

စီးရီးအသစ် တစ်ခုပြီး တစ်ခုထွက်တိုင်း feature အသစ်တွေ စုံစုံလင်လင်မပါဘဲ . . . ဆန်းသစ်တီထွင်မှု အားနည်းလာတဲ့ အိုင်ဖုန်းတွေကို ပြည်တွင်းက မဝယ်လိုတော့တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် လူသုံးအများဆုံး စမတ်ဖုန်းစာရင်းရဲ့ အောက်ဘက်ကိုတောင် ရောက်လာခဲ့ရတာပါ။

အိုင်ဖုန်းတွေ အခုလိုရောင်းအားကျလာရတာရဲ့ နောက်မှာ ပထဝီနိုင်ငံရေးအခြေအနေတွေလဲ အများကြီး ပါဝင်ပတ်သက်နေပါတယ်။ လက်ရှိ အမေရိကန်နဲ့ တရုတ်ကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကြောင့် အမေရိကန်အခြေစိုက် နည်းပညာတွေကို တရုတ်ဘက်က ပိတ်ပင်ကန့်သတ်တာတွေ ရှိနေတာပါ။ နမူနာ တရုတ်အစိုးရရဲ့ အေဂျင်စီတချို့နဲ့ အစိုးရပိုင်လုပ်ငန်းတွေမှာဆိုရင် ဝန်ထမ်းတွေကို အိုင်ဖုန်းကိုင်ဆောင်ခွင့် မပေးတဲ့ ပြဿနာတွေ ကြုံနေရပါတယ်။ တစ်ခါ အမေရိကန်ဘက်ကလဲ တရုတ်ဆီက ဆော့ဝဲတွေနဲ့ အက်ပလီကေးရှင်းတွေကို ဘမ်းထားလို့ ကြားထဲက Apple ခမျာ 'ဘုံပျောက်နေရရှာ' တာပါ။ Apple အတွက်တော့ တရုတ်က အင်မတန်အရေးကြီးတဲ့ ဈေးကွက်တွေထဲ ပါဝင်ပါတယ်။ ပြည်တွင်းမှာကို စက်ရုံအများအပြား တည်ထားပြီး ကမ္ဘာအနှံ့ကို Region Device တွေ တရုတ်က တဆင့် ဖြန့်ချိပေးနေတာပါ။

Reference: Team, P. (2024, July 27). IPhones decline in China. Perplexity AI. https://www.perplexity.ai/page/iphones-decline-in-china-x7RpKs_cR2qLc6Ay8vrLcw


Reference - Team, P. (2024, July 26). DeepMind’s models get silver at Math Olympiads. Perplexity AI. https://www.perplexity.ai/page/deepminds-models-get-silver-at-J6FA4Ix2QOKevQVqP5z84Q

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!