Apple ကုမ္ပဏီက ဈေးသက်သာတဲ့ အိုင်ဖုန်းမော်ဒယ်အသစ် iPhone 16e ကို တရားဝင်ကြေညာလိုက်ပါပြီ။ အဆင့်မြင့်ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပေမဲ့ ဈေးနှုန်းကို တတ်နိုင်တဲ့ အဆင့်ထား ရောင်းချသွားမှာမို့ 'iPhone ပဲ ကိုင်ချင်ပေမဲ့ ဘတ်ဂျပ်သိပ်မသုံးချင်သူတွေ' အတွက် ကိုက်တယ်လို့ ပြောပါတယ်။

Apple ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီဖုန်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး ကြိုတင်မှာယူလို့ရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာပါ။ အခြေခံမော်ဒယ်ရဲ့ စျေးနှုန်းက အမေရိကန်ဒေါ်လာ ၅၉၉ ဖြစ်ပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ iPhone 16e ထဲမှာ

  • Apple ရဲ့ A18 ချစ်ပ်အသစ်
  • ၆.၁ လက်မ OLED မျက်နှာပြင်နဲ့ Face ID
  • Apple Intelligence
  • 48 Megapixel ကင်မရာစနစ်
  • IP68 ရေနဲ့ဖုန်ဒဏ်ခံနိုင်မှု
  • Action Button ခလုတ်အသစ်
  • ဂြိုလ်တုကနေတစ်ဆင့် အရေးပေါ်အကူအညီတောင်းခံနိုင်မှု
  • အနက်နဲ့ အဖြူရောင် နှစ်ရောင်နဲ့
  • Storage 128GB၊ 256GB နဲ့ 512GB ရွေးချယ်စရာတို့ ပါဝင်ပါတယ်။

ကင်မရာပိုင်းမှာ 48 Megapixel Fusion ကင်မရာစနစ်ကို အသုံးပြုထားပြီး ကင်မရာတစ်လုံးထဲကနေ ဓာတ်ပုံရိုက်တာရော၊ Zoom ဆွဲတာပါ လုပ်ဆောင်နိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။ ညဘက်ဓာတ်ပုံရိုက်ချက်တွေ၊ Portrait ပုံတွေမှာ အရောင်အသွေးတွေ ပိုမိုသဘာဝကျကျ ရိုက်ကူးနိုင်အောင် HDR နည်းပညာကိုလည်း အသုံးပြုထားတယ်လို့ သိရတာပါ။

ဗီဒီယိုရိုက်ကူးမှုမှာတော့ 4K Dolby Vision ကို တစ်စက္ကန့်မှာ ၆၀ ဖရိန် အထိ ရိုက်ကူးနိုင်ပြီး Spatial Audio လဲ ပါဝင်ပါတယ်။ အသံပိုင်းကို AI နည်းပညာသုံးပြီး လေသံတွေဖယ်ရှားတာ၊ အသံအနိမ့်အမြင့် ချိန်ညှိတာတွေလည်း လုပ်နိုင်ပါလိမ့်မယ်။

ဘက်ထရီသက်တမ်းကတော့ ၆.၁ လက်မ အိုင်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ဆိုပါတယ်။ iPhone 11 ထက် ၆ နာရီ ပိုသုံးနိုင်ပြီး iPhone SE မော်ဒယ်တွေထက် ၁၂ နာရီအထိ ပိုကြာအောင် သုံးနိုင်မှာ ဖြစ်ပါတယ်။

iPhone 16e ကို နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ တစ်ပြိုင်နက်တည်း ဖြန့်ချီရောင်းချသွားမှာဖြစ်ပြီး အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ယူကေတို့လို နိုင်ငံကြီးတွေလည်း ပါဝင်ပါတယ်။ ဖုန်းအဖြူ၊ အနက် နှစ်ရောင်အပြင် ရောင်စုံဖုန်းအိတ်တွေကိုလည်း ရွေးချယ်ဝယ်ယူနိုင်မှာမျိုးပါ။

ဒါပေမဲ့ နောက်ဆုံးထွက် iPhone 16 စီးရီးဝင် 16e ဟာ မက်မောလောက်စရာ ထူးထူးခြားခြားမပါဝင်တာကြောင့် သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။

Reference: https://www.perplexity.ai/page/iphone-16e-officially-announce-Hjyw2LcoRk.xXBhr0.aXuw[

ဆက်လက်ဖတ်ရှုဖို့

iPhone 16 ဘာလဲ၊ ဘယ်လဲ . . .?
iPhone 16 ကိုတော့ Apple က ဒီကနေ့ပဲ ပွဲက တစ်ဆင့် ကြေညာသွားခဲ့ပါပြီ။ Apple Event တို့ရဲ့ ထုံးစံအတိုင်း အသစ်ထပ်မံတိုးမြှင့်လာတဲ့ product တွေကြားမှာ iPhone 16 နဲ့ iPhone 16 Max က မင်းသားတွေ ဖြ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!