ဥရောပရေပိုင်နက်တစ်လျှောက် အရပ်ဘက်နဲ့  စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတွေ  တိုက်ခိုက်ခံရပါက အင်တာနက် လည်ပတ်မှုကို ထိန်းသိမ်းဖို့  နည်းလမ်းသစ်ကို NATO အဖွဲ့ကတီထွင်ဖန်တီးပြီး  မိတ်ဆက်တော့မှာကို Perplexity AI သတင်းမှာဖော်ပြထားပါတယ်။ 

ဒီနည်းလမ်းကို  NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိုက်စလန်၊ ဆွီဒင်နဲ့  ဆွစ်ဇာလန်တို့မှ ပညာရှင်တွေကပူးပေါင်း ပါဝင်ပြီး  သုတေသီတွေက  အင်တာနက် လမ်းကြောင်းကို ရေအောက်ကေဘယ်ကြိုးတွေကနေတစ်ဆင့်  ဂြိုလ်တုစနစ်တွေဘက်ကိုလွယ်ကူ ချောမွေ့စွာ ကူးပြောင်းနိုင်မယ့်  နည်းလမ်းသစ်ကို  တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

Project HEIST လို့အမည်ပေးထားတဲ့ ရေအောက်ကေဘယ်ကြိုးတွေကနေတစ်ဆင့်  အင်တာနက်လမ်းကြောင်းတွေ ဂြိုဟ်တုပတ်လမ်းတွေဆီ ရောက်ရှိစေဖို့အတွက်  အရန်စနစ်တစ်ခု အဖြစ် ရည်ရွယ်ပြီးတီထွင်ထားတာဖြစ်ပါတယ်။

ဒီပရောဂျက်မှာ NATO အဖွဲ့ဝင်နိုင်ငံတွေက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂.၅ သန်းထည့်ဝင်ထားပြီး အမေရိကန်ဂြိုလ်တုကုမ္ပဏီ Viasat၊ အာကာသနည်းပညာကုမ္ပဏီ Sierra Space နဲ့  Icelandic ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Syndis တို့ ကလည်း ထပ်မံရန်ပုံငွေ ထည့်ဝင်မှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ နိုင်ငံရေးတင်းမာမှုတွေအပြင်  ရေအောက်အခြေခံအဆောက်အအုံကဏ္ဍတွေနဲ့ ပတ်သက်ပြီး  စိုးရိမ်မှုတွေ ကြောင့် အခုလို အင်တာနက် လည်ပတ်မှုကို ထိန်းသိမ်းဖို့  နည်းလမ်းသစ်ကို တီထွင်ခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုလိုလျှင်

SpaceX နှင့် X ရုံးချုပ်များကို တက္ကဆပ်သို့ ရွှေ့ပြောင်းမည်
လူမှုမီဒီယာပလက်ဖောင်း X Corp နဲ့ SpaceX တို့ရဲ့ရုံးချုပ်တွေကိုကယ်လီဖိုးနီးယားမှ တက္ကဆပ်ပြည်နယ်ကို ရွှေ့တောမယ်လို့ ကုမ္ပဏီနှစ်ခုစလုံးကိုထိန်းချုပ်ကွပ်ကဲ

https://www.perplexity.ai/page/nato-s-backup-for-undersea-int-6eQ7zDaqTeOuTDqtsB.doQ#:~:text=Strategic%20Importance-,NATO%27s%20Backup%20for%20Undersea%20Internet,-Curated%20by

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!