OpenAI ဟာ အမေရိကန် တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်ကြီးနဲ့ အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) ရဲ့ အကြီးအကဲဟောင်း Paul M. Nakasone ကို သူ့ရဲ့ Director အဖွဲ့ဝင်အသစ်အဖြစ် ကြာသပတေးနေ့က ထည့်သွင်းလိုက်ပါတယ် ။

Nakasone ဟာ အမေရိကန် Cyber Command နဲ့ Central Security Service ရဲ့ အကြီးအကဲအဖြစ် နှစ်အတော်ကြာဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Nakasone ရဲ့ အမြင်တွေဟာ AI ကိုအသုံးပြုပြီး လုံခြုံရေးကို တိုးတက်အောင် လုပ်ဆောင်နေတဲ့ သူတို့ရဲ့ ကြိုးပမ်းချက်တွေကို အထောက်အကူဖြစ်စေမယ်လို့ OpenAI က သူ့ရဲ့ Blog post မှာ ကြေညာထားသလို အသစ်ဖွဲ့စည်းထားတဲ့ Safety and Security Committee မှာပါဝင်စေမယ်လို့ ဆိုပါတယ်။

အဲဒီကော်မတီဟာ OpenAI ရဲ့ လုပ်ငန်းစဉ်တွေ၊ လုံခြုံရေး ကာကွယ်မှုတွေကို ရက် ၉၀ ကြာ သုံးသပ်ပြီးတဲ့နောက် ဘုတ်အဖွဲ့ကို အကြံပြုချက်တွေပေးမှာဖြစ်ပြီး နောက်ဆုံးမှာ ပြည်သူကို အပြောင်းအလဲအသစ်တွေအကြောင်းကို တင်ပြမှာဖြစ်တယ်လို့ OpenAI က ဆိုပါတယ်။

Nakasone ဟာ လက်ရှိ ဘုတ်အဖွဲ့ဝင်တွေဖြစ်တဲ့ Adam D’Angelo, Larry Summers, Bret Taylor နဲ့ Sam Altman တို့နဲ့အတူပါဝင်လာသလို မတ်လအတွင်း OpenAI က အသစ်ထည့်သွင်းခဲ့တဲ့ ဘုတ်အဖွဲ့ဝင်ထဲမှာတော့ Bill and Melinda Gates Foundation ရဲ့ CEO ဟောင်း Nicole Seligman, Sony ရဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေချုပ်ဟောင်းတို့လည်း ပါဝင်လာပါတယ်။

OpenAI ဟာ ChatGPT ကို ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ မိတ်ဆက်ချိန်ကစလို့ တိုးတက်မှု အတော်မြန်ခဲ့ပြီး နည်းပညာနယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေလည်း ပိုမိုများပြားလာပါတယ်။ တချိန်တည်းမှာပဲ OpenAI ဟာ အငြင်းပွားမှုတွေနဲ့ အဆင့်မြင့် ဝန်ထမ်းများ ထွက်ခွာမှုတွေကိုပါ ရင်ဆိုင်နေရပါသေးတယ်။

တနင်္လာနေ့မှာ OpenAI က အရာရှိကြီးအသစ်နှစ်ဦးကို အလုပ်ခန့်ခဲ့ပြီး Sarah Friar ကို Chief Financial Officer အဖြစ် ၊ Kevin Weil ကို Chief Product Officer အဖြစ်ခန့်အပ်လိုက်တာပါ။

Sarah Friar ဟာ Nextdoor ရဲ့ CEO နဲ့ Square ရဲ့ ငွေရေးကြေးရေး အရာရှိဖြစ်ခဲ့ပြီး OpenAI ရဲ့ သုတေသနစွမ်းဆောင်ရည်တွေကို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အထောက်အကူဖြစ်စေမယ်လို့ OpenAI က သူ့ရဲ့ Blog post မှာ ရေးသားထားပါတယ်။

Kevin Weil ဟာ လည်း Planet Labs ရဲ့ ဒု ဥက္ကဌဟောင်းဖြစ်ပြီး Twitter, Facebook နဲ့ Instagram တွေမှာ တာဝန်ထမ်းဆောင်ခဲ့သလို သူက က OpenAI ရဲ့ နည်းပညာတွေကို ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေမှာ အသုံးချမယ်လို့ OpenAI က ဆိုပါတယ်။

Reference:

(1) https://www.cnbc.com/2024/06/13/openai-adds-former-nsa-chief-to-its-board-paul-nakasone-sam-altman.html

Build Myanmar Media ရဲ့ နောက်ဆုံးရ အချက်အလက်များကို သိရှိနိုင်ရန် ...

Facebook

https://www.facebook.com/buildmyanmar

YouTube

https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

LinkedIn

https://www.linkedin.com/showcase/build-myanmar/

နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

https://t.me/+6_0G6CLwrwMwZTIx

လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!