အမေဇုန်ကုမ္ပဏီက သူတို့ရဲ့ Project Kuiper အင်တာနက်ဂြိုဟ်တုရဲ့ ပထမဆုံးအသုတ်ကို အောင်အောင်မြင်မြင် လွှတ်တင်လိုက်နိုင်ပြီး SpaceX ရဲ့ Starlink ယှဉ်ပြိုင်ဖို့ ကမ္ဘာပတ်ဂြိုဟ်တုအင်တာနက်ဈေးကွက်ထဲ တရားဝင် ဝင်ရောက်လာပါပြီ။ သတင်းရင်းမြစ်တွေအရ ဂြိုဟ်တု ၂၇ လုံးကို United Launch Alliance Atlas V ဒုံးပျံနဲ့ လွှတ်တင်ခဲ့ပြီး အမေဇုန်ရဲ့ ဒေါ်လာ ၁၀ ဘီလျံတန် မဟာစီမံကိန်းကြီးကို စ,အထောင်အထည်ဖော်ခဲ့တာပါ။ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က ဂြိုဟ်တုပေါင်း အလုံး ၃၂၀၀ ကို အာကာသပတ်လမ်းနိမ့်ထဲ လွှတ်တင်ပြီး အင်တာနက်မလွယ်ကူတဲ့ ဒေသတွေမှာ မြန်မြန်ဆန်ဆန်နဲ့ ဈေးသက်သာတဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ဖြန့်ဖြူးပေးဖို့ ဖြစ်ပါတယ်။

LEO လို့ နာမည်တွင်တဲ့ Project Kuiper ရဲ့ ဒီဂြိုဟ်တုတွေဟာ ကျေးလက်နဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေအတွက် အင်မတန်အကျိုးရှိလာနိုင်တယ်လို့ အများစု ခန့်မှန်းကြပါတယ်။ ကြေးနန်းကြိုးတွေ၊ ဖိုင်ဘာတွေ သွယ်တန်းစရာမလိုဘဲ မြန်နှုန်းမြင့်တဲ့ အင်တာနက်ကို အမေဇုန်က စတားလင့်ခ်နဲ့ တန်းတူပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူသူအရောက်ပေါက်နည်းတဲ့ တောတောင်ဒေသတွေ၊ ကျွန်းသွယ်ကျွန်းငယ်တွေအထိ ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်တယ်လို့လဲ ဖော်ပြထားတာပါ။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ

အမေဇုန်ရဲ့ ချဉ်းကပ်ပုံက အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးရုံ မဟုတ်ဘဲ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ လက်တွဲပြီး ကျေးလက်ဒေသအထိ မိုဘိုင်းကွန်ယက်တွေ ချဲ့ထွင်နိုင်ဖို့ ဖြစ်ပါတယ်။ Kuiper စက်ကို မိုဘိုင်းတာဝါတိုင်တွေမှာ တပ်ဆင်ထားမယ်ဆိုရင် ကုမ္ပဏီတွေက ဖိုင်ဘာကြိုးတွေကို မိုင်ပေါင်းများစွာ သွယ်တန်းစရာမလိုတော့ဘဲ 4G/5G ကွန်ယက်တွေကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ရိုက်တာက ပြောပါတယ်။

ဒါပေမဲ့ အမေဇုန်ရဲ့ ပြောကြားချက်အရ ပရော့ဂျက်ကူးပါးကို အချိန်မီအကောင်အထည်ဖော်နိုင်ဖို့ ခဲယဉ်းနေတယ် ဆိုပါတယ်။ FCC လိုင်စင်အရ လျာထားတဲ့ ဂြိုဟ်တု ၃၀၀၀ ကျော်ရဲ့ အနည်းဆုံး ၅၀% ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမတိုင်ခင် အပြီးအစီးပြင်ဆင်ရမှာဖြစ်ပြီး မပြီးမြောက်ခဲ့ရင် အသုံးမပြုရသေးတဲ့ ဂြိုဟ်တုတွေအတွက် ချပေးထားတဲ့ ခွင့်ပြုချက် ဆုံးရှုံးသွားနိုင်တယ်လို့ သိရပါတယ်။

Amazon launches first internet satellites to rival SpaceX Starlink. (n.d.). Perplexity AI. https://www.perplexity.ai/discover/top/amazon-launches-first-internet-l8tymNNqTHCkrd94imX1nA

ဆက်စပ်ဖတ်ရှုဖို့

အမေဇုံက Claude AI ကုမ္ပဏီထဲကို ဒေါ်လာ လေးဘီလျံ ထပ်မံရင်းနှီးမြှုပ်နှံ
Amazon.com is investing $4 billion in Anthropic, a rival to OpenAI, following a previous $4 billion investment in the company earlier this year.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!