အမေဇုံကုမ္ပဏီကနေ Claude AI ရဲ့ မိခင်ကုမ္ပဏီ Anthropic ကို ဒေါ်လာလေးဘီလျံ ထပ်မံရင်းနှီးမြှုပ်နှံတယ်လို့ Bloomberg သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကုမ္ပဏီနှစ်ခု လက်တွဲထားပြီးတော့ နာမည်ကြီး Amazon Web Service (AWS) ကို Anthropic ရဲ့ အေအိုင်လုပ်ငန်းတွေမှာ အဓိက Cloud provider အဖြစ် စတင်အသုံးပြုသွားမယ်လို့လဲ ဆိုတာပါ။ ဒါ့အပြင် Anthropic ဘက်ကလဲ Amazon ရဲ့ အထူးပြုလုပ်ထားတဲ့ ချစ်ပ်တွေကို AI မော်ဒယ်တွေအတွက် သုံးသွားမယ်လို့ ဆက်ပြောပါတယ်။ အပြန်အလှန်အနေနဲ့ Anthropic ရဲ့ AI Assistant Claude ကလဲ အမေဇုံရဲ့ နေရာအတော်များများမှာ ထည့်သွင်းအသုံးပြုသွားမယ်လို့ သိရတာပါ။
အခုလို လုပ်ဆောင်တာဟာ OpenAI ကုမ္ပဏီကို Microsoft ဘက်က ဒေါ်လာ ၁၃ ဘီလျံ ရင်းနှီးမြှုပ်နှံထားတဲ့အပေါ် တုံ့ပြန်တာ ဖြစ်နိုင်တယ်လို့ ဉာဏ်ရည်တုနည်းပညာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ဒီတစ်ကြိမ်နဲ့ဆိုရင်တော့ အမေဇုံဘက်က ရင်းနှီးမြှုပ်နှံတာ စုစုပေါင်း ဒေါ်လာ ၈ ဘီလျံရှိပါပြီ။
ဒါ့အပြင် နည်းပညာပိုင်းမှာ ထင်ရှားကျော်ကြားတဲ့ Google, Meta နဲ့ Apple ကုမ္ပဏီတို့ကလဲ ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးရေးကို အသည်းအသန်ရင်းနှီးမြှုပ်နှံနေတာပါ။
References: Day, M. (2024, November 22). Amazon (AMZN) boosts stake in OpenAI rival Anthropic. Bloomberg.com. https://www.bloomberg.com/news/articles/2024-11-22/amazon-investing-an-additional-4-billion-in-ai-firm-anthropic
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia