ဂျပန် နိုင်ငံ ရဲ့ အကြီးဆုံး Company ဖြစိတဲ့ SoftBank Group ကနေ အမေရိကန် AI Startup တစ်ခု ဖြစ်တဲ့ Perplexity AI ကို $3 ဘီလီယံတန်ဖိုးဖြင့် $10 သန်းမှ $20 သန်းအထိ ရင်းနှီးမြှုပ်နှံလိုက်ကြောင်းကို Bloomberg News က သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

SoftBank က ဒီရင်းနှီးမြှုပ်နှံမှုကို $250 သန်းဖိုး ရန်ပုံငွေအစီအစဉ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ Perplexity က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး SoftBank က Reuters ၏ မှတ်ချက်တောင်းခံမှုကို တုန့်ပြန်မှု မပေးထားပါဘူး ကြည့်ရတာ သူတို့က ဒါကို လှို့ဝှက်ထားချင်တဲ့ပုံပါပဲ။

Perplexity ရဲ့ Search Engine က အသုံးပြုသူတွေကို AI ရှာဖွေပေးထားတဲ့ ချက်ချင်းအဖြေတွေနဲ့ ကိုးကားချက်တွေ ပေးသလို ဒါတွေက AI မပါဝင်တဲ့ ရှာဖွေမှုတွေ ထက် ပိုတိကျပါတယ်၊။ ၎င်းကို OpenAI ကနေ Meta ရဲ့ Llama open-source မော်ဒယ်အထိ ကြီးမားတဲ့ ဘာသာစကားမော်ဒယ်မျိုးစုံနဲ့ တည်ဆောက်ထားပါတယ်။

San Francisco, California မှ အခြေစိုက် Perplexity AI က ဇန်နဝါရီလမှာ Nvidia (NVDA.O) နဲ့ Amazon (AMZN.O) တို့ရဲ့ တည်ထောင်သူ Jeff Bezos အပါအဝင် ရင်းနှီးမြှုပ်နှံသူများမှ $520 သန်းတန်ဖိုးနဲ့ $73.6 သန်း ရယူခဲ့တယ်။ 2023 ခုနှစ်မှာ Perplexity က ၎င်းတို့ရဲ့ ရှာဖွေမှုမေးခွန်း 500 သန်းကျော်ကို ဖြေကြားခဲ့ပြီး စျေးကွက်ရှာဖွေရန် အသုံးပြုသက်ဆိုင်ရာဒေါ်လာနည်းနည်းသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ဆိုတော့ ဘာတွေ ဆက်ဖြစ်မလဲစောင့်ကြည့်ကျတာပေါ့။

Reference:

(1) https://www.reuters.com/technology/artificial-intelligence/softbank-invest-search-startup-perplexity-ai-3-bln-valuation-bloomberg-reports-2024-06-27/

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!