Apple ရဲ့ Airpods Pro 2 ကတော့ နားကြားစွမ်းရည် ချို့တဲ့နေသူတွေကို တစိတ်တပိုင်း ကူညီပေးနိုင်တဲ့ နားကြားကိရိယာ ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့မှပဲ FDA က ပေးအပ်တဲ့ ခွင့်ပြုချက်ကို ရရှိသွားတာပါ။

Apple က ထုတ်လုပ်ထားတဲ့ Airpods Pro 2 ဟာ အကြားအာရုံမှာ စက်ကိရိယာအကူအညီ လိုအပ်သူတွေနဲ့ အကြားအာရုံချို့ယွင်းနေသူတွေအတွက် Hearing Aid Feature ခေါ် HAF နည်းပညာတွေ ပါဝင်တာမို့ အခုလို FDA ခွင့်ပြုချက်ကို ရသွားတာလဲ ဖြစ်ပါတယ်။ ပိုကောင်းတာက FDA ရဲ့ ခွင့်ပြုချက်က Over-the-counter အမျိုးအစားဖြစ် . . . တစ်နည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ရဲ့ ထောက်ခံချက် မလိုဘဲ မိမိသဘောနဲ့ မိမိဝယ်ယူ အသုံးပြုနိုင်တဲ့ အကူကိရိယာအမျိုးအစား ဖြစ်လာလို့ အသံနဲ့ ပတ်သက်တဲ့ product တွေကြားထဲ အခုလို ခွင့်ပြုချက်ရတာ ပထမဆုံးပါ။

အသက်အရွယ်ကြောင့်ဖြစ်စေ၊ ဆူညံမှုကြောင့် ဖြစ်‌စေ၊ ကျန်းမာရေးကြောင့် ဖြစ်စေ အကြားအာရုံချို့တဲ့နေတဲ့ အမေရိကန်ပြည်သူ သန်း ၃၀ ကျော်ကို Apple က AirPods Pro 2 က တစ်ဆင့် ကူညီမယ် ဆိုပါတယ်။ မကြာခင်ထုတ်လုပ်တဲ့ Airpods Pro 2 တွေမှာ ပါလာတော့မဲ့ HAF နည်းပညာဟာဆိုရင် နားကြပ်တပ်ဆင်ထားသူရဲ့ အခြေအနေပေါ် လိုက်လို့ ပြင်ပသံတွေနဲ့ နားကြပ်တွင်းသံတွေကို အလိုအလျောက်ချိန်ညှိပေးပါလိမ့်မယ်။ ဒီဆော့ဝဲပိုင်းဆိုင်ရာ တိုးမြှင့်မှုကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရရှိနိုင်ပြီး ဖုန်းပြောတာ၊ သီချင်းနာထောင်တာလိုမျိုး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အပြင်ဘဝနဲ့ ညှိနှိုင်းလုပ်ဆောင်ပေးမဲ့ သဘောပါ။

 ပြီးတော့ Airpods Pro 2 ထဲမှာပဲ အသုံးပြုသူတွေအနေနဲ့ မိမိရဲ့ အကြားအာရုံမှာ တစုံတရာထိခိုက်ချို့ယွင်းတာမျိုး ရှိ/မရှိ စမ်းသပ်နိုင်တဲ့ ငါးမိနစ်စာ test လေး ပါလာပါတယ်။ ဒီ test က ရလာတဲ့ အဖြေတွေနဲ့ ကိုယ့်ရဲ့ အကြားအာရုံဆိုင်ရာ ဆန်းစစ်ချက် အဖြေတွေကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြန်လည်မျှဝေနိုင်တာမျိုးလဲ ရှိလာပါမယ်။ Apple ဘက်က ပြောတာတော့ သုတေသနတွေအရ အကြားအာရုံချို့ယွင်းနေသူ အများစုဟာ သူတို့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူလေ့မရှိလို့ Apple ရဲ့ feature အသစ်က တစ်ဆင့် ဒါကို ကူညီပေးမယ်လို့ သိရတာပါ။

 ပညာရှင်တွေဘက်က ပြောတာအရတော့ AirPods Pro 2 လို ဈေးသက်သာပြီး လွယ်လင့်တကူ ဝယ်ယူနိုင်တဲ့ နားကြားစွမ်းရည်အထောက်အကူပြု နည်းပညာပါဝင်တဲ့ ကိရိယာတွေက အတော်လေး အလုပ်ဖြစ်လာနိုင်တယ် ဆိုပါတယ်။

Reference: AirPods approved as hearing aids. (n.d.). Perplexity AI. https://www.perplexity.ai/page/airpods-approved-as-hearing-ai-.ut7hW_BRFiPzwEAwk0kXg


Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!