သုတေသနပညာရှင်တွေ စုပေါင်းထုတ်လုပ်ထားတဲ့ အေအိုင်ပါဝင်တဲ့ အီလက်ထရောနစ်လျှာဟာ ပက်စီ (Pepsi) နဲ့ ကိုကာကိုလာ (Cola) လိုမျိုး အရသာပိုင်းတူညီတဲ့ အရည်တွေကို မှန်မှန်ကန်ကန်ခွဲခြားလာနိုင်ပြီလို့ သိရပါတယ်။
ဒီအေအိုင်လျှာက ဂရက်ဖိုက်သတ္တုအခြေပြုထားတဲ့ ဆင်ဆာကိုမှ ဉာဏ်ရည်တုကွန်ယက်နဲ့ ပေါင်းစပ်ထားပြီး အရည်ပေါင်းများစွာကို ခွဲခြားနိုင်တာပါ။ ရေရောထားတဲ့ နွားနို့လို၊ သစ်သီးဖျော်ရည်တွေရဲ့ လတ်ဆတ်မှုလို အရာတွေကိုတောင် မိနစ်ပိုင်းထဲမှာ ၉၈ ရာခိုင်နှုန်းနီးပါး မှန်အောင် ခန့်မှန်းခွဲခြားနိုင်တယ် ဆိုပါတယ်။ အရသာခန့်မှန်းတာအပြင်ကို ဒီနည်းပညာက အစားအသောက်တွေထဲ ပါတဲ့ အညစ်အကြေးတွေ၊ မသန့်ရှင်းမှုတွေကိုလဲ ထောက်လှမ်းနိုင်လို့ အစားအသောက်တွေ မထုတ်လုပ်ခင် လိုအပ်တဲ့ အရည်အသွေးထိန်းသိမ်းမှုတွေကို ပိုတွင်တွင်ကျယ်ကျယ်လုပ်လာနိုင်တော့မဲ့ သဘောပေါ့။
ဂရက်ဖင်းဆင်ဆာကို လာထိတဲ့ အရည်တွေရဲ့ ဓာတုဖွဲ့စည်းပုံနဲ့ ဆင်ဆာအီလက်ထရောနစ်တိုင်းတာချက်တွေ တုံ့ပြန်ဓာတ်ပြုပုံကို ကနဦးဆန်းစစ်ပြီး စနစ်ထဲပါဝင်တဲ့ ဉာဏ်ရည်တုနည်းပညာကမှ ဒီအချက်အလက်တွေကို ပြန်စုပေါင်းပြီး အဖြေထုတ်ပေးတယ်ဆိုပါတယ်။ ဂရက်ဖင်းဆိုတာ ကာဘွန်ဒြပ်စင်တွေ အများကြီး ပါဝင်တဲ့ ဂရက်ဖိုက်သတ္တုကိုမှ 2D အပြားလိုက် ရှိနေတဲ့ သဏ္ဍာန်ပါ။ အရည်တွေအနေနဲ့ ဒီအပြား (ဆင်ဆာ) ကို လာထိတာနဲ့ အရည်ထဲမှာ ဓာတုအိုင်းရွန်းတွေ ပါ/မပါ ထောက်လှမ်းနိုင်ပါတယ်။ နောက် ဂရက်ဖင်းက လျှပ်ကူးနိုင်စွမ်းလဲ မြင့်ပြီး မျက်နှာပြင်လဲ ကျယ်တာမို့ ဆင်ဆာကို လာထိချိန်မှာ ဖြစ်ပေါ်တဲ့ ဓာတ်ပြုမှုတွေကို ကောင်းကောင်းကြီး ထောက်လှမ်းနိုင်တာပါ။
အဲဒီလိုနည်းပညာကို အခြေခံထားတဲ့ ဒီအေအိုင်အီလက်ထရောနစ်လျှာဟာ သကြားလျှော့ထားတဲ့ Diet Coke, Pepsi နဲ့ သကြားမပါတဲ့ Coke Zero Sugar . . . စတာတွေကို မှန်မှန်ကန်ကန်ခွဲခြားနိုင်စွမ်းရှိပါတယ်။ ပက်စီနဲ့ ကိုလာဆိုရင် ရှစ်ဆယ်ရာခိုင်နှုန်းကျော် မှန်ကန်အောင် ခွဲနိုင်တယ် ဆိုပါတယ်။ ဒါ့အပြင် ကော်ဖီဆိုရင်လဲ အက်စ်ပရက်ဆိုလား၊ လက်တေးလား . . . စသဖြင့် ခွဲနိုင်သေးတာပါ။ ဒီလိုအေအိုင်လျှာကို သုံးပြီး လူတွေစမ်းကြည့်ဖို့ ခဲယဉ်းတဲ့ အစားအစာတွေ၊ အရသာတွေကို အန္တရာယ်ရှိ/မရှိ အစားထိုးစမ်းခိုင်းတာမျိုး ဆောင်ရွက်လို့လဲ ရနိုင်ပါတယ်။ အကုန်အကျလဲ သက်သာတဲ့အပြင် အစားအသောက်တွေနဲ့ အရည်အသွေးပိုင်းကိုလဲ အာမခံချက်ပေးနိုင်စွမ်းရှိလို့ မကြာခင် ဖြေရှင်းနည်းတစ်ရပ် ဖြစ်လာနိုင်တာပါ။
Reference: https://globalnews.ca/news/10805736/ai-tongue-detect-difference-coke-pepsi-research/
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia