မြန်မာပြည်သူများသည် ကာလရှည်ကြာစွာပင် အပြုသဘောဆောင်သော သတင်းအချက် မရရှိခြင်း၊ စုံလင်ကွဲပြားသော အမြင်များကို လက်သင့်မခံခြင်းနှင့် ဝေဖန်ထောက်ပြမှု အားနည်းခြင်းတို့ကြီးစိုးသည့် အမှောင်ခေတ်ကြီးထဲတွင် ဖြတ်သန်းခဲ့ရသည်။ ပြည်တွင်းမီဒီယာများသည်လည်း အာဏာလွန်ဆွဲပွဲများတွင် ကြားညပ်ခဲ့ပြီး တချို့မီဒီယာများမှာလည်း အဆိပ်သင့်သတင်းများကို ပြည်သူများထံ တင်ဆက်မှန်းမသိ တင်ဆက်လျက်ရှိသည်။

ထိုသို့အဆိုးကျော့သံသရာတွင် လည်ပတ်ခဲ့ပြီးသည့်နောက် နိုင်ငံအတွက် ၊ လူငယ်များအတွက် အပြုသဘောဆောင်မှုဆီ ဦးတည်သော မီဒီယာတစ်ခုပေါ်ပေါက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ ဤကွက်လပ်ကို ဖြည့်ဆည်းရန် ရည်ရွယ်ချက်ဖြင့် Build Myanmar-Media ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ရေရှည်အမျှော်အမြင် (VISION)

Build Myanmar-Media သည် ဂုဏ်သိက္ခာရှိခြင်း၊ လွတ်လပ်ပြီး အမှီအခိုကင်းခြင်းနှင့် အပြုသဘောဆောင်ခြင်းတို့ကို သံမဏိမူအဖြစ် စွဲကိုင်ပြီး လမ်းပျောက်နေသော မြန်မာလူငယ်များအတွက် မီးရှူးတန်ဆောင်မီဒီယာတစ်ခုဖြစ်လာရန် ရည်ရွယ်သည်။

လုပ်ငန်းစဉ် (MISSION)

ကျွန်ုပ်တို့မီဒီယာသည် မြန်မာ့လူ့အဖွဲအစည်းကြား စုံလင်ကွဲပြားမှုကို ရှေးရူခြင်း၊ အတွေးသစ်အမြင်သစ်များဖြင့် ရှေ့ဆောင်ခြင်းနှင့် အပြုသဘောဆောင်သော သတင်းအချက်အလက်များကို အထူးသဖြင့် လူငယ်များထံသို့ တင်ဆက်မည်ဖြစ်သည်။

နည်းပညာ၊ စီးပွားရေး၊ သမိုင်း၊ လူငယ်ရေးရာ အကြောင်းအရာများကို အရည်သွေးပြည့်ဝသော သတင်း၊ ရုပ်သံ၊ ပေါ့စ်ကတ်များအဖြစ် ထုတ်ဝေသွားမည်ဖြစ်သည်။

သက်ရောက်မှု (IMPACT)

Build Myanmar-Media ၏ အရည်အသွေးပြည့် သတင်း၊ ရုပ်သံ၊ ပေါ့စ်ကတ်စသည်တို့ကို သန်းချီသောမြန်မာလူငယ်များက ဝမ်းမြောက်စွာလက်ခံသည်ကို ထုတ်ဝေပြီးဖြစ်သော Youtube, Facebook, TikToks နှင့် Podcasts များက သက်သေပြခဲ့ပြီး ဖြစ်သည်။

အလျှင်အမြန်ပြောင်းလဲလာသော ကမ္ဘာသတင်းနှင့်နည်းပညာအချက်အလက်များကို ကျွန်ုပ်တို၏ လူငယ်များ ဖမ်းဆုပ်နိုင်ရန် Build Myanmar-Media ထက် ပိုမိုသင့်လျော်သော မီဒီယာတစ်ခုကိုမျှ မတွေ့မိသေးပါ။

မြန်မာ့ မျိုးဆက်သစ် အနာဂတ်ကို Build Myanmar-Media ကပြန်လည်ဝိုင်းဝန်းတည်ဆောက်သွားပါမည်။