Doomsday Clock လို့ ခေါ်တဲ့ ပျက်ကပ်တွက်နာရီဟာ မူလသတ်မှတ်ထားတဲ့ စက္ကန့် ၉၀ ကနေ ၈၉ စက္ကန့်ကို ပြောင်းရွှေ့သွားပြီလို့ အမေရိကန်သိပ္ပံပညာရှင်တွေက ကြေညာပါတယ်။

ပျက်ကပ်တွက်နာရီဆိုတာ Bulletin of Atomic Scientists အမည်ရ သိပ္ပံပညာရှင်အဖွဲ့က တီထွင်ထားတဲ့ ကမ္ဘာ့ကပ်ဘေးဆိုက်နိုင်ခြေ ခန့်မှန်းတွက်ချက်တဲ့ နာရီပါ။ ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးကို တီထွင်တဲ့ မက်ဟန်တန်ပရော့ဂျက်က ရော့ဘတ်အောပန်ဟိုင်းမားနဲ့ အိုင်းစတိုင်းတို့လို ပညာရှင်တွေက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်က စပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာမှာ ဖြစ်လာနိုင်တဲ့ နျူကလီးယားစစ်ပွဲတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေလိုမျိုး လူသားမျိုးနွယ်ကို အညွန့်တုံးစေနိုင်တဲ့ အခြေအနေတွေကို အကဲဖြတ်ရင်း ဒီနာရီလက်တံကို ရွှေ့ကြတာပါ။

ဒီနာရီက ပုံမှန်မြင်တွေ့နေကျ လျှပ်စစ်အား၊ ဓာတ်ခဲအားနဲ့ အလိုအလျောက် လည်ပတ်တဲ့ နာရီတွေလို မဟုတ်ဘဲ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ကပ်ဘေးတွေ ဖြစ်လာနိုင်ခြေကို နာရီလက်တံတွေ အသုံးပြုပြီး အချက်ပြ သတိပေးဖို့ ရေးဆွဲထားတဲ့ အဏုမြူနာရီတစ်ခုပါ။ နာရီလက်တံတွေက သန်းခေါင်ယံနဲ့ နီးကပ်လာလေလေ ကပ်ဘေးတွေ ဖြစ်လာနိုင်ခြေ များလေလေ ဖြစ်ပြီး သန်းခေါင်ယံ ၁၂ အတိကို ကျရောက်နေရင်တော့ လူသားမျိုးနွယ်တွေ အကုန်လုံးအပြင် ကမ္ဘာကြီးအတွက်ပါ ပျက်ကပ်ဆိုက်တဲ့ အခြေအနေကို ဆိုလိုတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ မှာ အဲဒီ Doomsday Clock ရဲ့ လက်တံက သန်းခေါင်ယံနဲ့ စက္ကန့် ၁၀၀ အကွာမှာ ရှိနေပါတယ်။ နောက် ၂၀၂၃ မှာတော့ စက္ကန့် ၉၀ ကို ပြန်ပြောင်းသွားပြီး ၂၀၂၄ ခုနှစ်အတွက် Doomsday Clock ကလဲ ၂၀၂၃ အခြေအနေကနေ မပြောင်းမလဲဘဲ စက္ကန့် ၉၀ မှာ ရှိနေတာပါ။

ဒါပေမဲ့ ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ ၈၉ စက္ကန့်ကို ပြောင်းသွားပြီး ၇၈ နှစ်တာ သမိုင်းတစ်လျှောက် သန်းခေါင်နဲ့ အနီးကပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

Reference: https://www.perplexity.ai/page/doomsday-clock-ticks-toward-mi-wsSLTxYiSaSwimb5SJNPfg

ဆက်လက်ဖတ်ရှုဖို့

Doomsday Clock မဟုတ်တဲ့ AI Safety Clock
The AI Safety Clock, introduced by Michael Wade and his team at IMD, serves as a symbolic of the uncontrolled artificial general intelligence.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!