Dell Technologies နဲ့ Elon Musk ရဲ့ ဉာဏ်ရည်တု ကုမ္ပဏီ xAI တို့ဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်တန်ဖိုးရှိတဲ့ သဘောတူညီချက်တစ်ခု ရယူတော့မယ်လို့ သိရပါတယ်။ ဒီသဘောတူညီချက်အရ Dell က xAI ကို AI အထူးပြု ဆာဗာတွေ ရောင်းချပေးသွားမှာပါ။ အဲဒီ ဆာဗာတွေမှာ Nvidia ကုမ္ပဏီရဲ့ GB200 ချစ်ပ်တွေ တပ်ဆင်ထားမှာဖြစ်ပြီး ဒီနှစ်အတွင်းမှာပဲ ပေးပို့သွားမယ်လို့ သိရပါတယ်။ ဒီသတင်းကြောင့် Dell ရဲ့ ရှယ်ယာဈေးတွေ ၄ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

ဒီကနေ့ခေတ်မှာ AI ဆိုင်ရာ လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ စူပါကွန်ပျူတာ ဆာဗာတွေ အင်မတန်လိုအပ်နေပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ရှုပ်ထွေးတဲ့ AI တွက်ချက်မှုတွေ လုပ်နိုင်ဖို့ စွမ်းဆောင်ရည်မြင့် ဆာဗာတွေကို ရှာဖွေဝယ်ယူနေကြတာပါ။ Tesla နဲ့ xAI လို Elon Musk ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေဆိုရင် အဲဒီဆာဗာတွေရဲ့ အဓိကဝယ်ယူသူတွေ ဖြစ်လာပါတယ်။

လောလောဆယ်မှာ xAI ကုမ္ပဏီဟာ တက်နက်ဆီပြည်နယ်၊ မေမ်ဖစ်မြို့မှာ စူပါကွန်ပျူတာကြီးတစ်လုံး တည်ဆောက်နေပါတယ်။ Colossus လို့ နာမည်ပေးထားတဲ့ ဒီစူပါကွန်ပျူတာမှာ လက်ရှိ GPU ချစ်ပ် တစ်သိန်းရှိပြီး တစ်သန်းအထိ တိုးမြှင့်သွားဖို့ စီစဉ်ထားတာပါ။ ဒီစူပါကွန်ပျူတာဟာ xAI ရဲ့ Grok ချက်ဘော့ကို ဥာဏ်ရည်တု လေ့ကျင့်မှုတွေ ပေးနေတာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းရဲ့ တစ်စိတ်တပိုင်းအနေနဲ့ GPU ချစ်ပ်တွေ ထုတ်လုပ်တဲ့ Nvidia၊ ဆာဗာတွေ တပ်ဆင်ပေးတဲ့ Dell နဲ့ Super Micro တို့ဟာ မေမ်ဖစ်မြို့မှာ ရုံးခွဲတွေ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း HPE ကုမ္ပဏီက မက်စ်ခ်ရဲ့ X လူမှုကွန်ရက်အတွက် AI ဆာဗာတွေကို ဒေါ်လာ တစ်ဘီလီယံကျော်ဖိုး ရောင်းချပေးဖို့ သဘောတူညီချက် ရထားပြီး ဖြစ်ပါတယ်။

Reference: Reuters. (2025, February 14). Dell nears deal to sell $5 billion in AI servers to xAI, Bloomberg News reports. Reuters. https://www.reuters.com/technology/artificial-intelligence/dell-nears-deal-sell-5-billion-ai-servers-xai-bloomberg-news-reports-2025-02-14/

ဆက်လက်ဖတ်ရှုဖို့

xAI က နောက်ထပ် ဒေါ်လာ ခြောက်ဘီလျံ မ,တည်နိုင်ခဲ့
အီလွန်မက်စ်ခ်ပိုင်ဆိုင်တဲ့ X (ယခင်တွစ်တာ) ပေါ်မှာရှိတဲ့ xAI အမည်ရ AI Assistant Startup ဟာ အမေရိကန်အပါအဝင် ဆော်ဒီအာရေးဗျနဲ့ ကာတာနိုင်ငံ ရင်းနှီးမြှုပ်နှံသူတွ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!