Google Deepmind ကုမ္ပဏီက Demis Hassabis နဲ့ John Jumper တို့ အေအိုင်သုံးပြီး ပရိုတိန်းတွေရဲ့ တည်ဆောက်ပုံကို ဖော်ထုတ်နိုင်ခဲ့လို့ ၂၀၂၄ ခုနှစ်အတွက် ပညာရပ်ဆိုင်ရာဓာတုဗေဒ နိုဘယ်ဆုကို ရရှိသွားကြောင်း ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ပြောပါတယ်။ ဒီတစ်ခေါက် နိုဘယ်ဆုကို မျှဝေရရှိသူထဲမှာ ပရိုတိန်းကို ဒီဇိုင်းထုတ်လုပ်နိုင်ခဲ့သူ David Baker လဲ ပါဝင်တာပါ။ သုံးယောက်မျှဝေလက်ခံတဲ့ ထူးထူးခြားခြားနိုဘယ်ဆုတွေထဲက တစ်ခုလို့လဲ ပြောနိုင်ပါတယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
ဆုကြေး ဒေါ်လာတစ်သန်းရဲ့ တစ်ဝက်ကို Hassabis နဲ့ Jumper တို့က မျှဝေရရှိခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ David က ရရှိတာပါ။ DeepMind က ပညာရှင်နှစ်ဦးဖြစ်တဲ့ Hassabis နဲ့ Jumper တို့က သက်ရှိတွေရဲ့ အသက်ဇီဝဖြစ်တည်မှုအတွက် အခြေခံအကျဆုံးရဲ့ အရေးကြီးဆုံး ပရိုတိန်းမော်လီကျူးရဲ့ သုံးဘက်မြင်တည်ဆောက်ပုံ (3D Structure) ကို DeepMind က ထုတ်လုပ်ထားတဲ့ ဉာဏ်ရည်တုနည်းပညာသုံးပြီး ခန့်မှန်းနိုင်ခဲ့ပါတယ်။ နောက် David Baker ကတော့ ကွန်ပြူတာစွမ်းဆောင်ရည်ကို အခြေခံပြီး ပရိုတိန်းအမျိုးအစားသစ်တစ်ရပ်ကို ဒီဇိုင်းဆွဲထုတ်ဖော်နိုင်ခဲ့လို့ နိုဘယ်ဆုတစ်ဝက် ချီးမြှင့်ခံရတာပါ။
ဉာဏ်ရည်တုနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ သိပ္ပံဆိုင်ရာ သုတေသနတွေနဲ့ လေ့လာစမ်းသပ်ချက်တွေမှာ ဒါတွေကို တွင်တွင်ကျယ်ကျယ် အသုံးချလာကြပါပြီ။ ဒီနှစ်ရဲ့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကိုလဲ ဉာဏ်ရည်တုတွေရဲ့ နျူရွန်ကွန်ယက်ကို မော်ဒယ်တည်ဆောက်နိုင်ခဲ့သူ ပညာရှင်နှစ်ဦးက မျှဝေရရှိသွားတာ ဖြစ်ပါတယ်။
ပရိုတိန်းတွေရဲ့ အရေးပါမှုကို လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက နားလည်သဘောပေါက်ခဲ့ကြပေမဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ဘယ်လိုရှိလဲဆိုတာ လေ့လာရာမှာတော့ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေ ရှိခဲ့တာပါ။ သာမန်လူရဲ့ ဦးနှောက်နဲ့ အချိန်တိုအတွင်း ဖြေရှင်းတွက်ချက်နိုင်ဖို့ မဖြစ်နိုင်တာကို Deep Mind က ဉာဏ်ရည်တုရဲ့ အကူအညီနဲ့ သုံးဖက်မြင်ရုပ်ကြွပုံရိပ် ထုတ်လုပ်နိုင်ခဲ့ပြီး ပဟေဠိ အဖြေညှိနိုင်ခဲ့ပါတယ်။
Reference: https://www.nobelprize.org/prizes/chemistry/2024/advanced-information/
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: support@buildmyanmar.com
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia