1X Technologies ကုမ္ပဏီကနေ နီယို (Neo) အမည်ရတဲ့ လူသားဆန်ဆန် စက်ရုပ်သစ်တစ်မျိုးရဲ့ စမ်းသပ်ဗားရှင်းကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒါ့အပြင် ဒီစမ်းသပ်ဗားရှင်းနဲ့ အတူ စမ်းသပ်အသုံးပြုနိုင်မဲ့ ပိုင်းလော့ဗားရှင်းကိုလဲ လာမဲ့ လပိုင်းမှာ ထုတ်လုပ်မယ်လို့ တစ်ဆက်တည်း ပြောလိုက်ပါပြီ။

ဒီတစ်ခေါက် 1X က ထုတ်တဲ့ နီယိုဟာ သူ့ရဲ့ ဖခင်လို့ ဆိုလို့ ရနိုင်တဲ့ EVE မော်ဒယ်အပေါ် အခြေခံတည်ဆောက်ထားပြီး အိမ်အလုပ်တွေ လုပ်ဖို့ ရည်ရွယ်ထားတယ် ဆိုပါတယ်။ စက်ရုပ်တွေကိုတော့ နော်ဝေနိုင်ငံမှာ စတင်ထုတ်လုပ်မှာပါ။ နီယိုကို အစက စက်ရုပ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဦးတည်ထားပေမဲ့ အခုတော့ အိမ်တွေမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ကူညီပေးဖို့ စက်ရုပ်တွေအဖြစ် အသွင်းပြောင်းထားပါပြီ။

အိမ်တွေမှာ သုံးမဲ့ စက်ရုပ်တွေ ဖြစ်လာတာနဲ့အညီ မိသားစုဝင်တွေ၊ ကလေးတွေနဲ့ တိရစ္ဆာန်တွေအတွက် အန္တရာယ်မဖြစ်စေဖို့ အထူးဂရုစိုက်ရမယ်လို့တော့ 1X ရဲ့ စီအီးအိုက ဆိုပါတယ်။

နီယို beta စက်ရုပ်က သူ့ရဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ တက်စ်လာရဲ့ Optimus နဲ့ Figure 02 တို့ထက် အများကြီး ပိုပေါ့ပါးပြီး ပျော့ပျောင်းတဲ့ ဆက်ရိုးတွေနဲ့ ဖွဲ့စည်းပုံစနစ်တွေ ပိုင်ဆိုင်ထားတာမို့ အိမ်တွေမှာ သုံးဖို့ အများကြီး ကိုက်ညီနေတာပါ။ လောလောဆယ်တော့ ကုမ္ပဏီဘက်က ဒီစီမံကိန်းအတွက် ဒေါ်လာ သန်း ၁၀၀ မ,တည်ထားပြီး စက်ရုပ်တွေကို တရားဝင်ဝယ်ယူနိုင်မဲ့ အချိန်တွေ၊ ထွက်ရှိမဲ့ အချိန်တွေနဲ့ ဈေးနှုန်းတွေကို မသိရသေးပါဘူး။

စိတ်ဝင်စားဖို့ ကောင်းတာက ဒီစီမံကိန်းမှာ OpenAI ကုမ္ပဏီကနေ ရန်ပုံငွေပမာဏ အများကြီး ထည့်ပါဝင်ထားပြီး စက်ရုပ်ရဲ့ ဉာဏ်ရည်တုကိုလဲ တခြားစက်ရုပ်တွေထက် သာလွန်အောင် နည်းပညာပိုင်း ကူညီပံ့ပိုးပေးမယ် ဆိုပါတယ်။

Reference: Oitzman, M. (2024, September 2). 1X unveils NEO Beta as it prepares to deploy humanoids into home pilots - The Robot Report. The Robot Report. https://www.therobotreport.com/1x-unveils-neo-beta-as-it-prepares-to-deploy-into-home-pilots/

အီလွန်မက်စ်ရဲ့ Optimus စက်ရုပ်ကို တည့်ဖိုက်လိုက်တဲ့ Figure 02
၂၀၂၃ ခုနှစ်တုန်းက ရေပန်းစားခဲ့တဲ့ လူဆန်တဲ့ Figure 01 ဉာဏ်ရည်တုစက်ရုပ်ကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ အခုတော့ Figure ကုမ္ပဏီကနေ 02 ကို စတင်မိတ်ဆက်လိုက်ပါပြ

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!